1. Home
  2. International News

ငွေကြေးယူပြီး လိင်ဆက်ဆံတဲ့ K-Pop အဖွဲ့ဝင်

International News มี.ค. 24, 2559 view 2,106

တောင်ကိုရီးယားနာမည်ကျော် ပေါ့ပ်ဂီတအဖွဲ့ဖြစ်သော တဟီတီ (Tahiti) မှ အဖွဲ့ဝင်တစ်ဦးသည် အွန်လိုင်းပေါ်တွင် အခကြေးငွေယူ၍ ချိန်းတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းများပြုလုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း The Sunday Times တွင် ဖော်ပြသည်။


တောင်ကိုရီးယားရှိ ကုမ္ပဏီဝန်ထမ်းနှစ်ဦးကိုလည်း အောင်သွယ်ဝန်ဆောင်မှုများလုပ်ဆောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ကန်နှင့် ပတ်ခ်ဟု အမည်ရှိသော အဆိုပါဝန်ထမ်း နှစ်ဦးသည် တဟီတီနှင့် အခြားဂီတအဖွဲ့ဝင် ၃ ဦးကို အမေရိကန်တွင် ဖောက်သည်တစ်ဦးနှင့် ချိန်းဆိုတွေ့ဆုံရန် စီစဉ်ပေးခဲ့သည်ဟု ဆိုသည်။
K-POP အဖွဲ့ဝင်တို့သည် အမေရိကန်နိုင်ငံသားတစ်ဦးနှင့်တွေ့ဆုံကာ ပေါင် ၂၀၀၀၀၀ ရယူ၍ လိင်ဆက်ဆံခဲ့သည်ဟု ဆိုသည်။

တဟီတီအဖွဲ့မှ ဂျီဆူး (Jisoo)ဟုခေါ်သော ရှင်ဂျီဆူးထံသို့ ပြီးခဲ့သော ဇန်န၀ါရီလအတွင်း လူတစ်ဦးက ချိန်းဆိုတွေ့ဆုံရန် ချဉ်းကပ်ခဲ့သည်ဟု ဆိုသည်။အဆိုပါအမျိုးသားက တစ်ခါချိန်းဆိုတွေ့ဆုံလျှင် ပေါင် ၁၁၀၀ ခန့်ပေးမည်ဟု ပြောကြားကြောင်း ရှင်ဂျီဆူးက သူမ၏ အင်စတာဂရမ်အကောင့်တွင် ရေးသားခဲ့သည်ဟု kpopstarz.com တွင် ဖော်ပြသည်။

ကျွန်မဆီကို ဒီလိုမက်ဆေ့မျိုးတွေမပို့ပါနဲ့ဟု သူမက အင်စတာဂရမ်တွင် ရေးသားခဲ့သည်ဟုဆိုသည်။
ရဲတပ်ဖွဲ့က သူမ၏ ရေးသားချက်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
“စပွန်ဆာအဖြစ်လက်ခံတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ကျမတွေ့ဆုံခဲ့ပါတယ်”ဟုလည်း ရှင်ဂျီဆူးက ဆိုသည်။



Follow us on