1. Home
  2. International News

ညစ်ညမ်း ဗီဒီယို မင်းသားလုပ်လို့ အလုပ်ထုတ်ခံရတဲ့ မန်ချက်စတာတက္ကသိုလ် က ပါမောက္က

International News มี.ค. 16, 2559 view 2,165

အင်္ဂလန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးကို အပြာဇာတ်ကားမှာပါဝင်ခဲ့မှုအတွက် ရာထူးမှ ဆိုင်းငံ့ ခဲ့ပါတယ်။ အမှန်တော့ သူဟာ ပြင်ပမှာ ဒီလို အပြာဇာတ်ကားရိုက်ခြင်းနဲ့ အသက်မွေးသူဖြစ်ပြီး ဒါကို နောက်ပိုင်းမှ တက္ကသိုလ်ဘုတ်အဖွဲ့က ရိပ်မိ သိရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အမည်ကတော့ Nicholas Goddard ဖြစ်ပြီး အသက် 60 နှစ်အရွယ်ရှိပြီ ဖြစ်ကာ ဓာတုဗေဒပါ မောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ သူ့ထက် အသက် 40 လောက်ငယ်တဲ့ ဆယ်ကျော်သက် အမျိုးသမီးပေါင်းများစွာနဲ့ ဒါဇင်နဲ့ချီတဲ့ “Old Nick” အမည်ရ အပြာဇာတ်ကားများထဲမှာ ၀င်ရောက် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ ဇာတ်ကားတွေဟာလည်း အပြာဝက်ဘ်ဆိုက်ဖြစ်တဲ့ PornHub မှာ လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့် တကယ့်အမှန်တရား ပေါ်ချိန်မှာတော့ သူ့ကို ထောက်ခံသူမရှိဘဲ တက္ကသိုလ်ဘုတ်အဖွဲ့က ပြင်ပ စုံစမ်းခြင်းလုပ်ငန်းများ ပြီးဆုံးတဲ့အခါမှာတော့ သူ့ကို ရာထူးကနေ ဆိုင်း ငံ့လိုက်ပါတယ်။

“ ကျွန်တော်တို့ ပြင်ပက၀င်လာတဲ့ သေချာတဲ့ သတင်းအချက်အလတ်တွေကို ချင့်ချိန်ပြီး ဆက်လက် ဆုံးဖြတ်ရမှာတွေ ရှိနေပါသေတယ် ” လို့ တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ ပါမောက္ခ Nicholas ကို အပြာဇာတ်ကားတွေမှာ ၀င်ရောက်သရုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ကျောင်းသားတစ် ယောက်က မှတ်မိခဲ့ပြီးနောက်ပိုင်းမှာ စုံစမ်းစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

အပြာမင်းသားကြီး ပါမောက္ခ Nicholas ကိုယ်တိုင်က The Sun သတင်းစာနဲ့ တွေ့ဆုံရာမှာ “ အပြာဇာတ်ကား ကြည့်တဲ့သူတွေကို သူတော်ကောင်း ယောင်ဆောင်တားမြစ်ပြီး … အပြာကား ရိုက်တဲ့ သူတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြတဲ့ လူတွေလည်း ရှိနေပါသေးတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဘယ်ကျောင်းသား ဘယ်ဝန်ထမ်းမဆို ဒီ အပြာဇာတ်ကားတွေကို ကြည့်ရတာ ပျော်နေကြတာပါဘဲ … ဒါပေမယ့် တကယ်လည်း ဒီအပြာဇာတ်ကား ရိုက်တဲ့သူကို မျက်ဝါးထင်ထင် တွေ့ လိုက်ရကော သူတို့ စိတ်မသက်မသာ ဖြစ်ချင်ယောင်ဆောင်ကြတော့တာပဲလေ ” လို့ ထပ်လောင်း ပြော ဆိုခဲ့ပါတယ်။

သူရဲ့ နှုတ်ထွက်ရမှုအတွက် သူက ဒီလို အပြာဇာတ်ကားတွေမှာ ၀င်ရောက်သရုပ်ဆောင် ရခြင်းဟာ စိတ်ဖိအားတွေကို လျှော့ချစေနိုင်ဖို့ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
 



Follow us on