1. Home
  2. Myanmar News

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံသစ်ကို မတ်လ ၁၂ ရက် တွင် ဖွင့်လှစ်မည်

Myanmar News มี.ค. 11, 2559 view 1,900

           ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊လေဆိပ်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၂ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး လတ်တလောတွင် ဖွင့်ပွဲပြုလုပ်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ခရီးသည်ပေါင်းကူးတံတား လေးစင်း ပါဝင်သည့် အဆိုပါလေဆိပ်ကို စတင်အသုံးပြုပါက တစ်နှစ်လျှင် ခရီးသည် ခြောက်သန်းခန့်ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လက်ရှိလေယာဉ်ပြေးလမ်းတွင် A333 နှင့် Boeing 777 ကဲ့သို့သော လေယာဉ်ကြီးများ ဆင်းသက် လျက်ရှိပြီး မကြာခင်လပိုင်းအတွင်း Emirates လေကြောင်းလိုင်းမှ လေယာဉ်ကြီး များလည်း ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

           ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ကြားကာ ပဏာမအကြို အရည်အချင်း စစ်ခြင်းများကို ၂ဝ၁၂ အောက်တိုဘာလအတွင်းက စတင် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် ပဏာမ အရည်အချင်း စစ်ဆေး အောင်မြင်သော လုပ်ငန်းအဖွဲ့ ၁ဝ ဖွဲ့ကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဧပြီလအတွင်း အဆိုပါအဖွဲ့များ အနက် ခုနစ်ဖွဲ့က အဆိုပြုလွှာများ တင်သွင်းခဲ့သည်။ ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် တင်ဒါအောင်မြင် သော အဖွဲ့အစည်းအဖြစ် Pioneer Aerodrome Services Consor- tium အဖွဲ့နှင့် အရန်အဖွဲ့အစည်း အဖြစ် Yongnam-CAPE-JGC Consortium တို့ကို ရွေးချယ်ခဲ့ပြီး စီမံကိန်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် တင်ဒါအောင်မြင်သည့် Pioneer Aerodrome နှင့် ၁၉ ကြိမ်ခန့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး နောက် Concession Agreement မူကြမ်းကိုအပြီးသတ်နိုင်ခဲ့သည်။

             ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း Con-cession Agreement ကို ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Yangon Aerodrome Co.,Ltd.တို့ က ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ဇန်န၀ါရီလအတွင်းက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ ထို စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက်ရယူခဲ့ပြီး Concession Agreement လက်မှတ် ရေးထိုးခွင့်ပြုပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွား ရေးရာ ကော်မတီသို့ တင်ပြကာ ခွင့်ပြု ချက်များရယူခဲ့ကြောင်း သိရသည်။

    Credit ; သတင်းစုံ



Follow us on