1. Home
  2. International News

နေဆာလှုံသူများကိုသတိပေးလိုက်တဲ့ အရေပြားကင်ဆာခံစားနေရသောအမျိုးသမီး

International News มี.ค. 11, 2559 view 2,013

                 အရေပြားကင်ဆာခံစားနေရတဲ့ အသက် 49 နှစ်အရွယ် Judy Cloud ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဟာ သူမရဲ့ ရောဂါအခြေအနေကို ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ယက် Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နေဆာလှုံသူများ သတိထားနိုင်စေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။အအေးဓာတ်လွန်ကဲတဲ့ နိုင်ငံသား အများစုဟာ နေဆာလှုံတဲ့ အလေ့အထလုပ်လေ့ရှိပြီး ထိုအထဲမှာ ဖြူ နေတဲ့ အသားကို ညိုအောင်အထိ နေလောင်ခံသူများဟာလည်း အများအပြား ပါဝင်ကြပါတယ်။

                 Judy Cloud က သူမရဲ့ ကင်ဆာအစက်အပျောက်ဒဏ်ရာတွေ ခွဲစိပ်မှု မပြုခင်မှာ လူတွေကို သတိပေးတဲ့အနေနဲ့ “ ဒါဟာ အရေအပြားကင်ဆာ ပါဘဲ … ကျွန်မငယ်ငယ်တုန်းက အသားညိုအောင် နေလောင်ခံခဲ့တဲ့ ရလာဒ်ပေါ့ … နေလောင်ဒဏ်ဟာ အလွန်များပြားလှတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ်မှာ သက်ရောက်မှု တွေ အများကြီးရှိတယ်ဆိုတာ သိစေချင်ပါတယ် … sunscreen မလိမ်းခဲ့တာတွေရဲ့ ဆိုးကျိုးလို့လည်း ပြော လို့ရပါတယ် ” လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက သတိပေးစာ ရေးခဲ့ပါသေးတယ်။

 

                 သူမဟာ ကလေးနှစ်ယောက် အမေဖြစ်ပြီး အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် Indianapolis မြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူမဟာ သူမ အသက် (20)၀န်းကျင်အရွယ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော် လောက်က ဒီ အရေပြားကင်ဆာကို ခံစားခဲ့ရသူဖြစ်ပြီး Sunscreen ဆေး မသုံးဘဲ အသားညိုအောင် နေလောင်ဒဏ်ခံခဲ့မှုကြောင့် အဆိုပါရောဂါကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

                 1995 ခုနှစ်မှာ အရေပြားကင်ဆာ ရောဂါထဲမှာ အဖြစ်များဆုံး non melanoma skin cancer ရောဂါဖြစ်ဖို့ carcinoma ရောဂါပိုး ကူးစက်ခြင်း ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Judy က “ အလှအပအတွက် နာရီနဲက ချီပြီး အသားအညိုနေလောင် ဒဏ်ခံတဲ့ လူတိုင်းကို ကျွန်မ ပြောချင်တာက ဒီ ဓာတ်ပုံတွေကို စံနမူနာအဖြစ် ကြည့်ကြပါ … ”လို့ သူမရဲ့ Facebook မှာ ရေးခဲ့ပါတယ်။ အဆိုပါ Post ကို Share လုပ်သူ တစ်သိန်းကျော်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ လက်မောင်း၊ ခြေထောက်၊ ရင်ဘက်နဲ့ မျက်နှာတွေမှာ အရေပြားကင်ဆာ အစက်အပြောက် 23 ခုကို နောက်ဆုံး ခွဲစိပ်ထားသူတစ်ယောက် ဖြစ်ပါတယ်။MOM



Follow us on