1. Home
  2. International News

ဂိမ်းဆု အဖြစ် အပြာရုပ်ရှင်မင်းသမီး နဲ့ ဟော်တယ်မှာ တစ်လ နေထိုင်ခွင့်ရတဲ့ ဆယ်ကျော်သက် ဂိမ်းမာ

International News มี.ค. 11, 2559 view 2,178

ရုရှားနိုင်ငံ မှ ဆယ်ကျော်သက် Gammer ဖြစ်သော ရူစလန်ရှက်ဒရင်သည် ဂိမ်းပစ္စည်းများရောင်းချသော ဝက်ဘ် ဆိုက်တစ်ခုသို့ ဝင်ရောက်ကြည့်ရှုအဖြစ် ထူးခြားသော ဆုတစ်ခုကို ပေးအပ်ချီးမြှင့် ခံခဲ့ရသည် ဟု သိရသည် ။

၎င်းမှာ အပြာရုပ်ရှင်မင်းသမီးတစ်ဦး နှင့် မော်စစ်ကို ဟိုတယ် တစ်ခု၌ တစ်လကြာ အတူနေထိုင်ခွင့်ရမည် ဖြစ်သည် ။

ရူစလန်က ဆုအတွက် ပျော်ရွှင်နေသော်လည်း မိသားစုများက ဒေါသထွက်နေကြပြီး မူလကပင် ဗီဒီယိုဂိမ်းများ အလွန်အကျွံကစားခြင်းဖြင့် အချိန်ဖြုန်းနေသည်ကို မကျေနပ်သည့် ကြားမှ ယခုရရှိသည့် ဆုမှာ ဆယ်ကျော်သက် အရွယ်သာရှိသေးသော ရူစလန်အတွက် ဆိုးကျိုးများသာ ဖြစ်ပေါ် စေလိမ့်မည်ဟု ဆိုခဲ့ကြသည် ။

ရူစလန် ၏ အစ်မဖြစ်သူကလည်း ချစ်သူမိန်းကလေး ထားခြင်းကို မကန့်ကွက်သည့်တိုင်အောင် ယခုရရှိသည့် ဆုမှာမှု ဆယ်ကျော်သက် တစ်ဦးအတွက် မသင့်တော်ကြောင်း ဆိုခဲ့သည် ။

ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူများက စည်းမျဉ်းများထဲတွင် ဆုရရှိသူသည် အခြားတစ်ဦးထံ ပြောင်းလဲပေးအပ်ခွင့်ရှိသည် ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း ဆိုခဲ့သည် ။

ရူစလန်က ဆုကို လက်ခံရယူနိုင်ခြင်းမရှိပါက ဖခင် ဖြစ်သူကို လွှဲပြောင်းပေးနိုင်သော်လည်း မိခင်ဖြစ်သူက လုံးဝ ကန့်ကွက်နေသည့်အပြင် ဆုကိစ္စ နှင့် ပတ်သက်၍ လည်း မိသားစုအတွင်း အကြီးအကျယ် ရန်ပွဲဖြစ်ပွားခဲ့သည် ။

ရူစလန်နှင့် တွေ့ဆုံရမည့် အပြာရုပ်ရှင် မင်းသမီးက အသက် ၁၆ အရွယ်သည် လူကြီးတစ်ဦး ဖြစ်ပြီး မိဘများ ကခွင့်မပြုပါက ဟိုတယ်တွင် တစ်လအတူ နေထိုင်မည့် အစား ရူစလန်ကျောင်းက ပြန်သည့် အချိန်တွင်းတွင် လာရောက် တွေ့ဆုံပေးမည် ဟုဆိုခဲ့ကြောင်း သိရသည် ။



Follow us on