1. Home
  2. Myanmar News

ခေတ္တ ပိတ်လိုက်ရပြီ ဖြစ်တဲ့ နာမည်ကြီးနေတဲ့ Yangon Waterboom

Myanmar News มี.ค. 10, 2559 view 2,027

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာတွင် မကြာသေးမီက ဖွင့်လှစ်လိုက်သော Yangon Waterboom ၌ ချွတ်ယွင်းချက်များ ရှိနေသောကြောင့်  အကန့်အသတ်မရှိ ခေတ္တပိတ်ထားလိုက်ကြောင်း Waterboom Facebook မှ သိရသည်။

Yangon Waterboom ၏ ရေထိန်းသိမ်း နည်းစနစ် (Water Treatment System)  ကို    အကောင်းဆုံး မလုပ်ဆောင်နိုင်သေးသည့်    နည်းပညာပိုင်းဆိုင်ရာနှင့် Operation ပိုင်းဆိုင်ရာ  ချွတ်ယွင်းချက်များကြောင့်  လာရောက် လည်ပတ်သူများ အနေဖြင့်     အဆင်မပြေဖြစ်ခဲ့ရသည့် အတွက်  စိတ်မကောင်းဖြစ်မိကြောင်း  သိရသည်။

သို့ဖြစ်၍  ဘက်ပေါင်းစုံမှ  ချင့်ချိန်ပြီးနောက် Management အဖွဲ့က Yangon Waterboom  ကို   တစ်စုံ တစ်ရာပြန်လည် ကြေညာခြင်းမရှိမီ အချိန်အထိ  ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း Yangon   Water-boom   မှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Yangon Waterboom သို့ သွားရောက်လည်ပတ်သူများသည် လူကြီးတစ်ဦးလျှင် ဝင်ကြေး ငွေကျပ်  ၂ဝဝဝဝ  နှင့် ကလေးတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၅ဝဝဝ ပေးရပြီး ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၂၆ ရက်အထိ ဝင်ကြေးကို ၂ဝ ရာခိုင်နှုန်း ဈေးလျှော့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက် လည်ပတ်သူများမှာ ဝင်ကြေးများစွာ ပေးရခြင်း၊  ရေသန့်ရှင်းမှု မရှိခြင်း၊  ရေကန်များတွင် ရေအပြည့် မရှိခြင်း၊ ပစ္စည်းသိမ်းရန် Locker များ ကျဉ်းမြောင်းခြင်း စသည့် ပြဿနာများကြောင့် Yangon Waterboom ကို ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။



Follow us on