1. Home
  2. Myanmar News

အဝတ်မပါတဲ့ ကောင်လေးနဲ့ အေးအေးဆေးဆေး အနုပညာ ဓါတ်ပုံတွဲရိုက်ခဲ့တဲ့ အောန်ဆိုင်း

Myanmar News มี.ค. 09, 2559 view 2,330

အောန်ဆိုင်းရဲ့ အနုပညာသွေးကတော့ မခေပါဘူး။

ပို့စ်အလန်းစားတွေနဲ့ အမိုက်စားကိုယ်ဟန်တွေကြောင့် နာမည်ကျော်တဲ့ မော်ဒယ်လေး အောန်ဆိုင်းက ဒီတစ်ခါမှာတော့ သူမရဲ့ ပရိသတ်တွေ ပါးစပ်အဟောင်းဖြစ်သွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒါကတော့ Posh Myanmar မဂ္ဂဇင်းအတွက် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တာပါ။ သူမနဲ့အတူ အမျိုးသားမော်ဒယ်တစ်ဦးကလည်း တွဲဖက်ကိုယ်ဟန်ပြထားပါတယ်။

ပုံထဲမှာတော့ အောန်ဆိုင်းက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသားမော်ဒယ်ရဲ့ရှေ့မှာ ရပ်နေတာပဲဖြစ်ပါတယ်။ အောန်ဆိုင်းရဲ့နောက်မှာ ရပ်နေတဲ့ အမျိုးသားမော်ဒယ်ရဲ့ကိုယ်မှာ အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိပါဘူး။

အနုပညာသမားစစ်စစ်၊ မော်ဒယ်စစ်စစ် ပီသတယ်လို့ပဲ ပြောရမလား အောန်ဆိုင်းကတော့ သူမရဲ့အလုပ်ကို တာဝန်ကျေကျေပြလုပ်ပြခဲ့ပါတယ်။ အနောက်မှာ ဘယ်သူက ဘယ်လိုပဲရှိနေပါစေ သူမကတော့ အေးစက်စက်အကြည့်တွေနဲ့ပဲ ဓာတ်ပုံဆရာရဲ့ အလိုအတိုင်း ကိုယ်ဟန်ပြခဲ့တာ တွေ့ရပါတယ်။

အောန်ဆိုင်းရဲ့ပုံတွေက ပရိသတ်တွေအတွက်တော့ အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။ အချို့က သူမကို ပြစ်တင်ဝေဖန်နေကြပြီး အချို့ကတော့ သူမကို သြဘာပေးနေကြပါတယ်။ ဒီအတွက် အောန်ဆိုင်းက တစ်စုံတစ်ရာ ပြန်လည်ချေပခြင်းတော့ မရှိပါဘူး။
 



Follow us on