1. Home
  2. International News

အဝတ်ဗလာ ဗီဒီိယို ပျံ့နှံ့မှုကြောင့် တည်းခဲ့တဲ့ ဟိုတယ်ကို ဒေါ်လာ ၇၅ သန်း လျော်ကြေး တောင်းတဲ့ Erin Andrews

International News มี.ค. 04, 2559 view 1,976

အမေရိကန် အားကစား သတင်း ကြေငြာသူ Erin Andrews ဟာ ဟိုတယ်ခန်းထဲမှာ အဝတ်အစား လဲနေတုန်း အဝတ်ဗလာနဲ့ နေမိတဲ့ အချိန်မှာ ဘေးခန်းက ချောင်းကြည့် ပေါက်ကနေ ဗီဒီယို ခိုးရိုက်ခြင်း ခံခဲ့ရပါတယ်။

ဒီ အဖြစ်အပျက်ဟာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့ပေမယ့် သူမ မသိခဲ့ပါဘူး  လွန်ခဲ့တဲ့လ အနည်းငယ်ကမှ ဒီဗီဒီယို ဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားပြီး လူ ၁၇သန်း ရဲ့ကြည့်ရှု ခြင်းကို ခံခဲ့ရပါတယ်။ Fox တီဗွီအစီအစဉ်ရဲ့ အားကစားသတင်းတင်ဆက်သူ ဖြစ်တဲ့ သူမဟာ သူမ တည်းခိုခဲ့တဲ့ ဟိုတယ်လုပ်ငန်း Marriot International ကို ဒေါ်လာ ၇၅ သန်း လျော်ကြေးတောင်းလိုက်ပါတယ်။



ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုဒ်များမှာလည်း သူမဗီဒီယိုဟာ ရောက်ရှိနေပြီး မိနစ်တိုင်းမှာ လူတစ်ယောက်နှုန်းကြည့် ရှုခြင်း ခံနေရပါတယ်။ Ms Andrews ဟာ ၂၀၀၈က Nashville Marriot ဟိုတယ်မှာ တည်းစဉ် Michael David Barrett ဆိုသူက ထိုချောင်းကြည့်ပေါက်ကို ဖန်တီးပြီး ဗီဒီယို ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉  ခုနှစ်မှာ ဒီဗီဒီယိုကို သူမ သိရှိခဲ့တာဖြစ်ပါတယ်။

မိနစ် အနည်းငယ် ကြည့်အပြီးမှာ သူ့အဖေကို ဖုန်းခေါ်ပြီး “သမီးတော့ ဘဝပျက်ပါပြီ အဖေရယ်၊ အင်တာနက် တစ်ခုလုံးမှာ သမီးရဲ့ အဝတ်ဗလာ ဗီဒီယို ပျံ့နှံ့နေပြီ’ ပြောခဲ့ပါတယ်။ အဲ့ဒိ အချိန်က FBI ကလည်း သူမရဲ့ အမှုကိုလိုက်ခဲ့ပါတယ်။ ခိုးရိုက်ခဲ့သူ Barrett ဟာ ဒီအမှုကို ထောင်ထဲမှာ လ ၃၀ အကျဉ်းကျ ခံပြီးမှ ဝန်ခံ ခဲ့တာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ ဗီဒီယိုက ပျံနှံ့နှုန်း မြန်လာပြီး သူမရဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာတာကြောင့် တရားစွဲဆိုပြီး ဒေါ်လာ ၇၅ သန်းလျော်ကြေး တောင်းခဲ့တာလည်း ဖြစ်ပါတယ်။



Follow us on