1. Home
  2. International News

ချစ်သူများနေ့မှာ အခေါင်းတွင်း ဝင်ရောက်ကာ မင်္ဂလာဆောင် ခဲ့တဲ့ ထိုင်းနိုင်ငံမှ စုံတွဲများ

International News ก.พ. 16, 2559 view 2,109

စုံတွဲတွေတော်တော်များများဟာ မင်္ဂလာဆောင်တဲ့ အချိန်မှာ ဘဝ အသစ်ကို စတင် ကြတယ်လို့ ယူဆ ကြပေမယ့် ယခုဖေါ်ပြမယ့် ထိုင်းနိုင်ငံက မင်္ဂလာမောင်နှံတွေကတော့ ပိုမိုထူးခြားတဲ့ ယူဆချက်ကို ခံယူခဲ့ပါတယ် ။ ချစ်သူများနေ့မှာ ထိုင်းနိုင်ငံမှာရှိတဲ့ စုံတွဲအချို့ဟာ လူ(၂) ယောက်ဝင်ဆံ့တဲ့ အခေါင်းထဲမှာ ဝင်ပြီး မင်္ဂလာဆောင်ခဲ့ပါတယ် ။

မင်္ဂလာပွဲကို ဘုန်းကြီးများမှ မင်္ဂလာအခမ်းအနားကို ကြီးမှူးပေးခဲ့ပြီး စုံတွဲတွေအနေနဲ့ အခေါင်းထဲမှာ ဝင်ရောက်မင်္ဂလာဆောင်ခြင်းဟာ အသက်ပြန်လည် ရှင်သန်ခြင်း ( Brought Back to Life ) လို့ခံယူပြီး တကယ့် အချစ်စစ်အချစ်မှန် ၊ ကြီးပွားချမ်းသာခြင်း နှင့် အန္တရယ် အနှောက်အယှက်များမှ ကင်းလွှတ်ခြင်း များ ရရှိနိုင်သည် ဟု သိရသည် ။

စုံတွဲ(၁၀) တွဲမှ ဖေဖော်ဝါရီ (၁၄) ရက်နေ့အတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ပရှိ ဘုန်းကြီးကျောင်းများတွင် အခေါင်း ဖြင့် မင်္ဂလာဆောင်ခြင်းကို ပြိုင်တူ ကျင်းပပြုလုပ်ခဲ့သည် ။
 
မင်္ဂလာအခမ်းအနားတွင် စုံတွဲများမှ အခေါင်းအတွင်းကို ဘေးချင်းယှဉ် ဝင်ရောက်ကာ အခေါင်းကို ပိတ်ဆဖြူနှင့် အုပ်၍ မိနစ် အတော်အတန်ကြာ ငြိမ်သက်အိပ်ဆက်ခြင်းမှ အစပြုပြီး ဘုန်းကြီးများမှ ပိတ်ဆကို ဖယ်လိုက်သည့် အချိန်မှ စ၍ အမင်္ဂလာအပါင်းမှ ကင်းကွာနိုင်မည် ဟု Bangkok Post သတင်းဌာနမှသိရသည် ။

ထိုကဲ့သို့သော မင်္ဂလာဆောင်ခြင်းအခမ်းအနားကို ယမာန်နှစ် ချစ်သူများနေ့တွင် စတင်ခဲ့ကြောင်းကို လည်းသိရသည် ။



Follow us on