1. Home
  2. Myanmar News

ရန်ကုန်မြို့တွင်း ကာမ စိတ်ကြွဆေး ကျပ်သိန်း (၄၀) ကျော်ဖိုး ဖမ်းဆီးရရှိခဲ့

Myanmar News ก.พ. 15, 2559 view 2,324

ရန်ကုန်တိုင်းတွင် တရား ၀င်တင်သွင်းခြင်းမရှိသည့် ကာမ စိတ်ကြွဆေးများ ရောင်းချသူများ ကို ဖေဖော်ဝါရီလဆန်းမှ စတင်၍ လိုက်လံဖမ်းဆီးခဲ့ရာ ကျပ်သိန်းလေးရာကျော်ဖိုးခန့် သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျရောက်မည့် (ချစ်သူများနေ့) ၌ ယင်းဆေးများ အသုံးပြုခြင်း မရှိစေရန် လိုက်လံဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

‘‘ဆေးရောင်းတဲ့ဆိုင်တွေကို ဖေဖော်ဝါရီလ မရောက်မီကတည်းက သတိပေးမှုတွေ လုပ်ထားတယ်။ ရောင်းတဲ့ဆိုင်တွေကို လည်း ဖမ်းဆီးပြီးအရေးယူမှုတွေ လုပ်ထားပါတယ်။ အခုဖမ်းမိထားတဲ့ ကာမစိတ်ကြွဆေးဝါး တန်ဖိုးကလည်း သိန်းချီတန်ဖိုး ရှိပါတယ်။ ဈေးနှုန်းကတော့ တွက်ချက်နေပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်နှင့် လမ်းမ တော်မြို့နယ်များတွင် ရဲတပ်ဖွဲ့ ၀င်များနှင့် ပူးပေါင်း၍ ဖမ်းဆီးနေခြင်းဖြစ်ပြီး ပိတုန်း၊ ကျားမင်း၊ Max Man၊ New Play Boy၊ Xtra Force စသည့် ကာမစိတ်ကြွဆေးများ၊ အမျိုးသား အားတိုးဆေးများအပြင် Scelepra ကဲ့သို့သော တရားမ၀င် စိတ်ကြွဆေးများ ဖမ်းဆီးရမိကာ အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူထား ကြောင်း သိရသည်။

‘‘မှတ်ပုံမတင်ထားတဲ့ တရား မ၀င် လိင်စိတ်ကြွဆေးတွေ၊ အမျိုးသားအားတိုးဆေးတွေ၊ လူငယ် တွေကြား ရေပန်းစားနေတဲ့ စိတ် ငြိမ်ဆေးလိုဟာမျိုးတွေကို ရှောင် တခင် စစ်ဆေးတာမျိုးနဲ့ သတင်းရရှိရင် ဂိုဒေါင်အထိ သွားစစ်ဆေး တာမျိုးတွေ လုပ်တာပါ’’ဟု အ စားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲမှုဦးစီးဌာန ရန်ကုန် ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်း က ပြောသည်။
ကာမစိတ်ကြွဆေးများကို လမ်းမပေါ်တွင် ရောင်းချနေသည့် ဆိုင်များရှိနေပြီး စိတ်ငြိမ်ဆေးများ သုံးစွဲနေသည့် လူငယ်များမှာ လည်း ယခင်ထက် ပိုမိုများပြား လာကြောင်း ဆေးရောင်းချသည့် ဆိုင်ရှင်တစ်ဦးကဆိုသည်။

‘‘မူးယစ်ဆေးတွေ၊ စိတ်ကြွ ဆေးတွေဆိုတော့ မြင်ရင်တွေ့ ရင် ဖမ်းတယ်။ စီမံချက်တွေနဲ့ သေသေချာချာ ဖမ်းပြပြီး ဒီလို ဆေးမျိုးတွေလည်း ထောင်ကျ တတ်တယ်ဆိုတာ အသိပေးထား ရမယ်။ အခုက စိတ်ငြိမ်ဆေးလိုဟာမျိုးတွေလည်း လူငယ်တွေကြားမှာ တော်တော်ပျံ့နှံ့နေတယ်’’ဟု လမ်းမတော်မြို့နယ် ချမ်းသာကြီးဆေးခန်းမှ ဒေါက်တာဝေလွင်ဦးက ပြောသည်။



Follow us on