Shark NUAC Orchestra Music Showcase 2016
NUAC Orchestra နှင့်မတူကွဲပြားတဲ့ တေးဂီတအမျိုးအစား လေးမျိုး(Hiphop,Rock,POP & EDM) တီးခတ်ဖျော်ဖြေ တင်ဆက်မှု ကို မြန်မာပြည်မှာ ပထမဆုံး NUAC နှင့် Xenon Entertainment တို့ က နိုင်ငံတကာ အဆင့်မှီ စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။
တီးခတ်သူ အယောက် ၆၀ ကျော် ပါဝင်သော သံစုံတီးဝိုင်း၊ နောက်ကွယ်အသံအင်အား အယောက် ၃၀ ကျော်တို့ ကို အကယ်ဒမီ ဓီရာမိုရ် ဦးဆောင် မှာ ဖြစ်ပြီးတေးဂီတအမျိုးအစားလိုက် နာမည်ကြီးတေးသံရှင်များဖြစ်ကြသော စိုင်းစိုင်းခမ်းလှိုင်၊ ဝေလ၊ DJ ၀ိုင်း၊ နီနီခင်ဇော် နှင့် ချမ်းချမ်း တို့က ၀င်ရောက် အားဖြည့် သီဆိုဖျော်ဖြေမှာဖြစ်ပြီး Feb 5 ရက်နေ့ ည 7 နာရီNational Theater မှာပြုလုပ်မှာ ပါ။ လက်မှတ်တွေကိုတော့ ၂၀၀၀၀၊ ၁၀၀၀၀၊ ၈၀၀၀ ကျပ်လို့ သိရပါတယ်။