1. Home
  2. Good Morning Myanmar

ပုဂံအက နဲ့ အပျိုတော်အကများရဲ့ ကဟန်မူများကို ယဉ်ကျေးမူဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနကရှင်းလင်းဆွေးနွေး

Good Morning Myanmar ม.ค. 22, 2559 view 1,713

ပုဂံအက နဲ့ အပျိုတော်အကများရဲ့ ကဟန်မူများနဲ့ ပတ်သက်ပြီး ယဉ်ကျေးမူဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဇန်န၀ါရီ(၁၉)ရက်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ရှင်းဆွေးနွေးခဲ့ပါတယ်။ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနအနေနဲ့ ပုဂံအကနဲ့ အပျိုတော်အကတွေကိုအများပြည်သူ ပိုမိုစိတ်ဝင်စားပြီး ထိန်းသိမ်းဖို့နဲ့ပြန်ပွားစေဖို့ရည်ရွယ်ကာ ကဟန်မူများနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ဆက်ကပြခဲ့တာဖြစ်ပါတယ်။ပုဂံအကဟာ(၁၁)ရာစုဝန်းကျင်က စတင် ထွန်းကားခဲ့ပေမယ့်(၂၀၀၇)ခုနှစ်မှသာ ပုဂံဆေးရေးပန်းချီများမှ ကကွက်ပုံစံများကို မှတ်ယူပြီး စာတမ်းပြုစုခဲ့တယ်လို့သိရပါတယ်။ပုဂံကကွက်မှာအခြေခံကကွက်(၁၇)ကွက် ရှိပြီး ပုဂံတူရိယာ(၂၁)မျိုးထဲက ဆောင်း၊ မောင်း၊ခရုသင်းများနဲ့တီးခတ်တာဖြစ်လို့သိရပါ တယ်။



Follow us on