1. Home
  2. Good Morning Myanmar

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်လှစ်

Good Morning Myanmar พ.ย. 25, 2558 view 1,768

ပြင်ဦးလွင်၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကို ပြင်ဦးလွင်မြို့နယ်၊ မဟာအံ့ထူးကံသာ ဘုရားအနီးရှိ မီးပုံးပျံကွင်း မှာ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီးမီးပုံပြန်ပွဲကိုတော့ မန္တလေးသတင်းအဖွဲ့ကပေးပို့ထားတာပါ။ မီးပုံးပြိုင်ပွဲမှာတော့ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲ၊ ညမီးပုံးပျံပြိုင်ပွဲ(စိန်နားပန်၊ ညမီးကျည်)ဟူ၍ပြိုင်ပွဲကို သတ်မှတ်ထားပြီး နေ့အရုပ်အလှတွင်မီးပုံးပျံ ၆၅ လုံး၊ စိန်နားပန်တွင် ၂၉ လုံး၊ ညမီးကျည်တွင် ၁၅ လုံး စုစုပေါင်း ၁၀၉ လုံးပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ပြိုင်ပွဲဆုကြေးများအဖြစ် ညမီးကျည်ပြိုင်ပွဲ ပထမဆုငွေကျပ် ၅၅ သိန်းနဲ့ဆုဖလား၊ ဒုတိယဆု သိန်း၄၀၊ တတိယဆု သိန်း၃၀၊ စိန်နားပန်ပြိုင်ပွဲ ပထမဆုငွေကျပ် သိန်း၂၀၊ ဒုတိယဆု ကျပ်၁၅ သိန်း၊ တတိယဆု၁၀ သိန်း၊ နေ့(အုပ်စုအရုပ်အလှ)ပြိုင်ပွဲ ပထမဆု ငွေကျပ် ၅သိန်း၊ ဒုတိယဆု ၃သိန်း၊ တတိယဆု ၂သိန်း၊ နေ့အရုပ်အလှ(ခြေနှစ်ချောင်း။ခြေလေးချောင်း) ပြိုင်ပွဲ ပထမဆုငွေကျပ် ၃သိန်း၊ ဒုတိယဆု ၂သိန်း၊ တတိယဆု ၁သိန်းချီးမြှင့်မှာပါ။



Follow us on