ဒီမိုကရက်နှင့် ရီပတ်ဘလီကန်ပါတီတို့ကြား စည်းလုံးမှုကို ပြသရန် ရီပတ်ဘလီကန်သမ္မတဟောင်း ဂျော့ဂျ်ဒဗလျူဘုရှ်သည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပမည့် ဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဘုရှ်၏ ပြောရေးဆိုခွင့်ရှိသူ ဖို့ဒ်က ယနေ့ အတည်ပြုခဲ့သည်။
ဘုရှ်သည် တစ်ဦးတည်းသော ရီပတ်ဘလီကန်သမ္မတဟောင်းတစ်ဦး ဖြစ်သည်။ ဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည့် သမ္မတဟောင်း ဘုရှ်သည် သမ္မတရာထူးတာဝန်ကို နှစ်ကြိမ်ထမ်းဆောင် ပြီးနောက် ၂၀၀၉ ခုနှစ်မှ လက်ရှိကာလအထိ တက္ကဆက်စ်ပြည်နယ်တွင် ပြန်လည်အခြေချနေထိုင်လျက်ရှိသည်။ ၎င်းသည် သမ္မတထရမ့်နှင့် အိုဘားမားအစိုးရတို့ကြား နိုင်ငံရေးပွတ်တိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်မှုကင်းစွာ နေထိုင်ခဲ့သူဖြစ်သည်။
ညီဖြစ်သူ ဖလောရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ် သည် ရီပတ်ဘလီကန်ပါတီတွင်း ကျင်းပခဲ့သည့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတထရမ့်ကို အရေးနိမ့်ခဲ့သည်။ ၎င်း၏ ဖခင်ဖြစ်သည့် အမေရိကန်နိုင်ငံ၏ ၄၁ ယောက်မြောက်သမ္မတဖြစ်သူ စီနီယာဘုရှ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့ပြီး အသုဘ အခမ်းအနားသို့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန်နှင့် အိုဘားမားတို့ တက်ရောက်ခဲ့သည်။
သမ္မတဟောင်းများထဲတွင် သက်ရှိထင်ရှားရှိသူဟူ၍ ဂျင်မီကာတာ၊ ဘီလ်ကလင်တန်၊ ဂျော့ဂျ်ဒဗလျူဘုရှ်နှင့် အိုဘားမားတို့သာ ကျန်ရှိတော့ ပြီး ဘုရှ်မှလွဲ၍ ကျန်သမ္မတဟောင်းများအားလုံးမှာ ဒီမိုကရက်ပါတီဝင် များ ဖြစ်သည်။ သို့ရာတွင် အသက် ( ၉၆)နှစ် ရှိပြီဖြစ်သည့် ၃၆ ယောက် မြောက် သမ္မတဖြစ်သူ ဂျင်မီကာတာက ဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ကိုးကား - ဘလွန်းဘာ့ဂ်၊
ဘာသာပြန် - မေလဲ့သင်း The Mirror