1. Home
  2. Movie Stars - Celebrity

မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး တို့ဇနီးမောင်နှံ

Movie Stars - Celebrity ม.ค. 05, 2564 view 76,002

အနုပညာလောကရဲ့ ထိပ်တန်းငွေကြယ်ပွင့်နှစ်ဦးဖြစ်သူ၊ အကယ်ဒမီဆုတွေကိုလည်း ကိုယ်စီရရှိပိုင်ဆိုင်ထားသူ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံကတော့ ဘ၀ခရီးလမ်းကို အတူတူလက်တွဲလျှောက်လှမ်းခဲ့တာ မနေ့က ဇန်နဝါရီလ (၄) ရက်နေ့က အိမ်ထောင်သက် (၁၀) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့မှာ အနုပညာရှင်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ မော်ကွန်းတင်မင်္ဂလာလက်မှတ်ရေးထိုးပွဲကြီးကို ပြုလုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း မင်္ဂလာပွဲ ၇ ပွဲကို ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံကတော့ ပြေသုန္ဒြာနဲ့ ပြေဓိရ လို့ အမည်ရတဲ့ သမီးနဲ့ သားလေးကိုမွေးဖွားပြီး အေးချမ်းသာယာတဲ့ မိသားစုဘ၀လေးကို အတူတူဖြတ်သန်းနေကြတာလည်းဖြစ်ပါတယ်။ ၁၀ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပြေတီဦးက ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်အပေါ် ယခုလို အမှတ်တရစကားရေးသားထားတာကိုလည်း တွေ့ရပါတယ်။

"Happy 10th Anniversary.....၁၀ နှစ်ပြည့်ဆိုတော့ စိတ်ထဲမှာ ခံစားချက်က အရင်နှစ်တေနဲ့မတူပဲ ထူးထူးခြားဖြစ်နေတယ်... ပျော်နေတယ်...ကြည်းနူးနေတယ်..အလကားနေရင်းရယ်ချင်နေတယ်...မမအူဝဲကိုတွေ့တာနဲ့စချင်နေတယ်...တကယ်တော့ ၁၀ နှစ်ဆိုတာ သူများတေနဲ့ယှဉ်ရင် နဲနေသေးပေမယ့် ခရီးတခုတော့ရောက်ခဲ့ပြီ..ဘဝလက်တွဲဖော် အဖြစ် အစစအရာရာတာဝန်ကျေတဲ့ မမအူဝဲကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်..I love you my wife.လို့ ရေးသားထားခဲ့ပါတယ်။

 



Follow us on