1. Home
  2. International News

ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့၏၁၀ စုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ရေတပ်ပူးတွဲလေ့ကျင့်မှု စတင်

International News พ.ย. 04, 2563 view 1,573

၁၀ စုနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့၏ ရေတပ်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုကို ယနေ့တွင် စတင်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ သတင်းရင်းမြစ်တစ်ခုက အတည်ပြု သည်။ မူလက ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့သာ ပူးတွဲလေ့ကျင့်ရန် စီစဉ်ထားသော်လည်း ဩစတြေးလျနိုင်ငံကပါ အဆိုပါလေ့ကျင့်မှုတွင် ပါဝင်လာခဲ့သဖြင့် Quad ဟု ခေါ်ဆိုသည့် အင်ဒို-ပစိဖိတ်ဒေသ ဒီမိုကရေစီ အင်အားကြီးလေးနိုင်ငံလုံးပါဝင်သည့် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်လာခဲ့သည်။

အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၃ ရက်မှ ၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ပူးတွဲလေ့ကျင့်မှုအပြီးတွင်လည်း ယခု လေ့ကျင့်မှုတွင် အသုံးပြုခဲ့သည့် တိုက်လေယာဉ်များကို အမေရိကန်ပြည်ထောင်စုဘက်မှ ဆက်လက်ဖြန့်ကြက် ထားဦးမည်ဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယသည် တရုတ်နိုင်ငံနှင့် နယ်စပ်ပြဿနာရှိနေသလို ဩစတြေးလျနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်မှ စတင်ဖြစ်ခဲ့သည်ဟူသော စွပ်စွဲမှုပြုခဲ့သောကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေပြီး ဂျပန်နှင့် တရုတ်နှစ်နိုင်ငံတို့ကလည်း ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေဆဲဖြစ်သည်။ ယခုလုပ်ဆောင်ချက်သည် စစ်အေးတိုက်ပွဲကို သွတ်သွင်းနေသည့် အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်ဖြစ်ကြောင်း တရုတ်ဘက်မှ စွပ်စွဲခဲ့သည်။

ကိုးကား - ဟိန္ဒူစတန်တိုင်းမ်

ဘာသာပြန် - မေလဲ့သင်း/The Mirror



Follow us on