သာမန်အားဖြင့် တွေ့မြင်နိုင်တဲ့ခွေးတွေရဲ့အရောင်ဟာဆိုရင် သူ့မျိုးစိတ်အလိုက်၊ သူ့မိဘပင်ကိုအရောင်အလိုက် ရှိတာများပါတယ်။ အရောင်ဆင်တာ အရောင်စပ်တာတွေကလွဲလို့ လုံးဝကွဲထွက်သွားတာမျိုးကတော့ တွေ့ရနည်းပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံ၊ ဆာဒီးနီးယားကျွန်းရှိ ခွေးမွေးမြူရေးခြံတစ်ခုကပေါက်တဲ့ ခွေးပေါက်စလေးတွေ ၈ ကောင်ထဲကမှ တစ်ကောင်က အခြားအကောင်များနဲ့မတူညီဘဲ ကွဲထွက်နေတဲ့ ထူးထူးဆန်းဆန်း အစိမ်းရောင်ဖျော့ဖျော့လေးရှိနေတာကို တွေ့ရတယ်။
အများစုက ဖြူဝါနုနုအရောင်လေးတွေရှိနေပြီး ဒီတစ်ကောင်ကတော့ အစိမ်းရောင်ဖြစ်နေတာကို ပထမမြင်မြင်ချင်း ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်ဘူးလို့ ပိုင်ရှင်ကဆိုပါတယ်။ ထိုတွေ့ရခဲတဲ့ အစိမ်းရောင်ခွေးလေးကို “ပစ္စတာချီယို” လို့ အမည်ပေးထားပါတယ်။
ဤဖြစ်စဉ်တွင် ဘီလီဗာဒင် လို့ခေါ်တဲ့ခွေးမိခင်ရဲ့အချင်းထဲကတွေ့နိုင်တဲ့ အရောင်ခြယ်သပစ္စည်းတစ်ခုက ခွေးရဲ့သားအိမ်အတွင်းရှိ ရေမွှာများနှင့်ပေါင်းစပ်ပြီး ခွေးပေါက်စလေးတွေရဲ့ အမွှေးအမျှင်အရောင်ပြောင်းလဲသွားစေတယ်။ အဆိုပါ အရောင်ခြယ်သပစ္စည်းပိုများလေလေ အရောင်ပိုပြောင်းလဲနိုင်လေလေ ဖြစ်ပါတယ်။ ၎င်းသည် ခွေးလေးရဲ့ကျန်းမာရေးကို အကျိုးသက်ရောက်မှုမရှိသလို ခွေးအရွယ်ရောက်တာနဲ့အမျှ အရောင်ဖျော့ပြီးပျောက်သွားလိမ့်မယ် လို့ ဆိုပါတယ် ။
#popolaytv #popolay #popolaynews
comment