1. Home
  2. International News

အိန္ဒိယစစ်တပ်က ဖမ်းဆီးထားသောတရုတ်စစ်သားတစ်ဦးအား ပြန်လည်လွဲပြောင်းပေး

International News ต.ค. 21, 2563 view 1,533

အောက်တိုဘာလ ၁၉ ရက်က နယ်မြေအငြင်းပွားဒေသဖြစ်တဲ့ လာဒက်ဒေသမှာ အိန္ဒိယစစ်တပ်က တရုတ်စစ်သားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တရုတ်စစ်တပ်ရဲ့တပ်ကြပ်ဝမ်ရာလုံကို အိန္ဒိယပိုင် လာဒက်ဒေသရဲ့ဒမ်ချော့ဧရိယာမှာ အိန္ဒိယစစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့ ပြန်လည်လွဲပြောင်းပေးလိုက်သည်ဟု ထုတ်ပြန်ကြေညာထားပါတယ်။

တရုတ်တပ်ကြပ်ဟာ နှစ်နိုင်ငံပိုင်နက်ကိုပိုင်းခြားထားတဲ့စည်းကိုကျော်ဝင်လာတာကြောင့် ဖမ်းဆီးခဲ့တာလို့ အိန္ဒိယစစ်တပ်က ဆိုပါတယ်။ တရုတ်စစ်တပ်ကတော့ တစ်စုံတစ်ရာအတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့မေလက နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးမှာ အသေအပျောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်စစ်တပ်က အိန္ဒိယစစ်သား ၁၀ ဦးလောက်ကို ဖမ်းဆီးခဲ့ဖူးပေမယ့် သုံးရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref: BBC



Follow us on