1. Home
  2. Myanmar News

ကုန်တင်ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးမည့် စစ်ဆေးရေးစခန်း (တိုက်ကြီး) ကို ဧရာဝတီဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်း

Myanmar News ต.ค. 20, 2563 view 1,550

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် ပါဝင် ကူညီဆောင်ရွက်ပေးနေသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးပေးမည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး စခန်း(တိုက်ကြီး)ကို ဆောက်လုပ် လှူဒါန်းသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း (တိုက်ကြီး)ကို ရန်ကုန်-ပြည်လမ်း မိုင်တိုင်(၄၃/၆) တွင် တည်ဆောက် လျက်ရှိပြီး ကုန်ကျစရိတ်များကို Max Highway Co., Ltd. က ကျခံသွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ရေးစခန်း (တိုက်ကြီး) တည်ဆောက်ရေးလုပ်ငန်းများမှာ အောက်တိုဘာ ၂၀ ရက်တွင် ပြီးစီးမည်ဖြစ်ပြီး တည်ဆောက် ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မတ်လကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန် တွင်လည်း ရောဂါပိုးကူးစက်ခံထားရသူများအား ကုသပေး ရန် ဧရာဝတီစင်တာကို တည်ဆောက်ကာ ဆောင်ရွက်ပေး လျက်ရှိပြီး ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ် သည့်နေရာများတွင် ဆက်လက်ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်သည်။

သတင်း - ရဲရင့်ရှိုင်း၊

ဓာတ်ပုံ - ကိုမိုး MDN



Follow us on