တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက္ကာကျေးရွာအုပ်စု ၊ ကျောက္ကာကျေးရွာ အမှတ် ၂ ရပ်ကွက်ရှိ ရှင်ဥပဂုတ္တ မထေရ်မြတ်ကျောင်းဆောင်ဓမ္မာရုံ အနောက်ဘက်သည် အောက်တိုဘာလ ၁၇ ရက်ည ၆ နာရီမိနစ် ၃၀ ခန့်က မိုးသည်းထန်စွာရွာသွန်းကာ တောင်နံရံပြိုကျမှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ကျောက္ကာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၇ ရက်ကမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာသူ၊သား စုပေါင်းအင်အားဖြင့် ဆောက်လုပ်ထားသော အလျား ၅၈ ပေ× အနံ ၁၈ ပေရှိသော ရှင်ဥပဂုတ္တ မထေရ်မြတ် ကျောင်းဆောင် ဓမ္မာရုံ ၏ အနောက်ဘက် တောင်နံရံ မြေသား အလျား ၃၀ ပေခန့် ပြိုကျခဲ့သဖြင့် ဓမ္မာရုံအမိုး မျက်နှာကျက်များ၊ ဓမ္မာရုံနံရံများ ပြိုကျ ပျက်စီးမူများဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တောင်နံရံ မြေသား ပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိသော်လည်း မိုးသည်း ထန်စွာ ဆက်လက် ရွာသွန်းပါက ထပ်မံပြုကျမူများဖြစ်ပေါ်လာနိုင်ကြောင်းသိရသည်။
swh(ဓာတ်ပုံ-ဦးကျော်လွင်ဦး) ပြည်မြန်မာ
comment