1. Home
  2. Myanmar News

အင်းစိန်မှ ကိုဗစ်အရေး ဆောင်ရွက်နေသည့် Volunteer(စေတနာ့ဝန်ထမ်း) များကို အသက်အာမခံ ထားရှိပေးသွားမည်

Myanmar News ต.ค. 19, 2563 view 1,416

အင်းစိန်မြို့နယ်မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် အသက်အာမခံ ထားရှိပေးသွားမည်ဖြစ်ကြောင်း တိုင်းကိုယ်စားလှယ်ဦးဝေဖြိုးဟန်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ပြည်သူများကို အသိပေးပြောကြားလိုက်သည်။

"အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှု၊ အလှူရှင်များ၏ပံ့ပိုးကူညီမှုဖြင့် အင်းစိန်ကိုဗစ်လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေကြသော Volunteer အယောက် (၇၀)အတွက် တစ်နှစ်စာ အသက်အာမခံ ထားရှိပေးသွားမည်ဖြစ်ပါတယ်"ဟု၎င်းကဆိုသည်။

လက်ရှိ အင်းစိန် Q Center များနှင့် Ambulance ကားများတွင် နေ့စဉ် ကူညီပေးနေသည့် Volunteer များ၏ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချနိုင်ရေး Protect our volunteer အစီအစဉ်ဖြင့် AIA Myanmar ၌ အာမခံထားရှိပေးခြင်းဖြစ်‌ကြောင်းသိရသည်။ အင်းစိန်မြို့နယ်ကိုဗစ်ကော်မတီမှ တစ်နှစ်စာအသက်အာမခံထားရှိဆောင်ရွက်ပေးသွားမည့်စေတနာ့ဝန်ထမ်း Insein Volunteer များမှာ အ‌ဆောင်၁ မှ အ‌ဆောင်၆ အထိ လူများဖြစ်သည်။

NAY KYAW (Myanmar Harp)



Follow us on