1. Home
  2. Myanmar News

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် ပြည်သူ့အားကစားရင်ပြင် ရာနှုန်းပြည့်ပြီးစီး

Myanmar News ต.ค. 13, 2563 view 1,664

ရှမ်းပြည်နယ် တောင်ပိုင်း ၊တောင်ကြီးမြို့ ၊အဝေရာမီးပုံးပျံကွင်းအနီးရှိ ပြည့်သူအားကစားရင်ပြင်ကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နဲ့ဖော်ဆောင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။

တောင်ကြီးမြို့မှာ လူဦးရေထူထပ်ပြီး ကစားကွင်းတွေ ၊ဘောလုံးကွင်းတွေနည်းနေတဲ့အတွက် အရန် အားကစားကွင်းရှိသင့်ကြောင်း ၊ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပြီး အဝေရာမီးပုံးပျံကွင်းအနီး ၊အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေနေရာမှာ ပြည့်သူအားကစားရင်ပြင်တည်ဆောက်ဖို့ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဘတ်ဂျက်တင်ပြတောင်းခံခဲ့တယ် လို့သိရပါတယ်။ မြေဧရိယာ ၅.၅ ဧကခန့် အကျယ်ရှိတဲ့ ပြည်သူ့အားကစားရင်ပြင်မှာ ဘောလုံးကွင်း (၁)ကွင်း ၊ ဘတ်စ်စကက်ဘော (၂)ကွင်း ၊ ဘောလီဘောကွင်း (၂)ကွင်း ၊ ပိုက်ကျော်ခြင်းကွင်း (၃)ကွင်း ၊ ရိုးရာခြင်းဝိုင်းကစားကွင်း (၁)ကွင်း ပါဝင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၉၉.၉၅၃) သန်းနဲ့ အကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ပြည့်သူအားကစားရင်ပြင်ကို အများပြည်သူ လာရောက်ကစားနိုင်အောင် ဖော်ဆောင်ပေးတာဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ လာရောက်ကစားနိုင်ကြောင်း ၊ အားလုံးကို စည်းကမ်းရှိရှိကစားစေချင်ကြောင်း ၊ နောက်ပိုင်းမှာလည်း ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ ပြည့်သူအားကစားရင်ပြင်မှာ အများပြည်သူအတွက် လိုအပ်တာတွေဖြည့်စည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ပြောပါတယ်။

အားကစားနှင့်ကာယပညာဦးစီးဌာနရုံးချုပ်အနေနဲ့ လည်း Online Fitness Dance ပြိုင်ပွဲလုပ်ပေးဖို့စီစဥ်ဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ ဒီပြိုင်ပွဲမှာ မြို့နယ်အားလုံး ပါဝင်ကြဖို့ ၊အိမ်မှာနေရင်း တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ တစ်ရက်ကို နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

သတင်း - ဝန်းရံ/SKY NET



Follow us on