1. Home
  2. Myanmar News

Mask မတပ်သူများအား ဒဏ်ငွေ၂၀၀ ရိုက်၍ Maskတပ်ဆင်ခိုင်းခြင်းများဆက်လက်လုပ်ဆောင်နေ

Myanmar News ต.ค. 12, 2563 view 1,459

Maskမတပ်သူများအား ဒဏ်ငွေ၂၀၀ရိုက်၍ Maskတပ်ဆင်ခိုင်းခြင်းများဆက်လက်လုပ်ဆောင် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ ဈေးရောင်းဈေးဝယ်ပြုလုပ်ရာ တွင် လည်းကောင်း Covid-19 ရောဂါနှင့် ပတ်သက်၍ Mask တပ်ဆင်ရန် ညွှန် ကြားချက်အပေါ်မလိုက်နာ သည့်အတွက် ဒဏ်ကြေးငွေ (၁၅၀)ကျပ်နှင့် Mask တစ်ခုလျှင်(၅၀)ကျပ် စုစုပေါင်း (၂၀၀)ကျပ် သတ်မှတ် ကောက်ခံကာ Mask များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ယင်းကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Source : Yangon Police



Follow us on