1. Home
  2. Myanmar News

Covid-19 ကုသနိုင်ရန် ဗုဒ္ဓသာသနာ့ဆေးရုံကို ဆေးရုံအဖြစ်ပြင်ဆင်

Myanmar News ต.ค. 07, 2563 view 1,473

ကမ္ဘာအေးဘုရားဝင်း အတွင်း တည်ရှိသော ၁၉၅၅ ခုနှစ် ဝန်ကြီးချုပ်ဦးနုလက်ထက်ကဆောက်လုပ်ခဲ့သည့် ဗုဒ္ဓသာသနာ့ဆေးရုံကို ICU ကုတင် ၈ လုံး HDU ကုတင် ၃၆ လုံး ထားရှိမည့်ဆေးရုံအဖြစ်ပြင်ဆင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်၏ အထွေထွေအတွင်းရေးမှုးချုပ် ဦးမျိုးမြင့်က ပြောသည်။

“အခုလက်ရှိမှာတော့ ဆေးဂိုဒေါင်အနေနဲ့ အသုံးပြုနေတာ ဖြစ်ပါတယ်။လတ်တလော Covid အတွက်ဖြစ်ပေမဲ့ Covid ပြီးသွားရင်လည်း သံဃာတော်တွေအတွက်ရေရှည် အသုံးပြုလို့ ရသွားမှာမို့ဒီလိုဆောင်ရွက်ခွင့်ရတာ အထူးဝမ်းမြောက်မိပါတယ်”ဟု ယင်းက ပြောသည်။

ပြည်မြန်မာ



Follow us on