1. Home
  2. Myanmar News

သင်္ဃန်းကျွန်းမြို့နယ်မှ Music Zone ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လိုက်ပြီ

Myanmar News ต.ค. 01, 2563 view 1,506

လူပေါင်း (၁၀၀) ဝန်းကျင် ကူးစက်မှုဖြစ်စေခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music Zone ကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အမှုဖွင့်လိုက်ပြီလို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။ Music Zone ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာမျိုးဇော်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ စက်တင်ဘာလ (၃၀)ရက်က အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

"ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာမျိုးဇော်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ပဲအမှုဖွင့် ထားပါတယ် ”လို့ သင်္ဃန်းကျွန်းမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ အဲဒီနှစ်ယောက်ကိုတော့ ရဲစခန်းမှာ (ပ) ၁၀၅၃/၂၀၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အရ အမှုဖွင့်လိုက်တာလို့ သိရှိရပါတယ်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် (၂) နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ သိရပါတယ်။

Credit: #Popolay #Popolaytv #News #Music_Zone



Follow us on