1. Home
  2. Myanmar News

နိုင်ငံ ၄ ခုကို ဗိုင်းရပ်ကူးစက်မှု အနီရောင်စာရင်းမှာ EU က ထပ်ထည့်

Myanmar News ก.ย. 30, 2563 view 1,484

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း လူတသိန်းမှာ ပိုးတွေ့လူနာ ၁၂၀ နှုန်းရှိလာတဲ့ နောက်ထပ် နိုင်ငံ ၄ ခုကို အနီးရောင်စာရင်းမှာ ထည့်လိုက်တယ်လို့ ကူးစက်ရောဂါ တားဆီးရေးနဲ့ ထိမ်းချုပ်ရေး ဥရောပစင်တာအဖွဲ့ (ECDC) အင်္ဂါနေ့မှာပြောပါတယ်။ အဲဒီ ၄ နိုင်ငံကတော့ နယ်သာလန်၊ အိုင်းစလန်း၊ ဒိန်းမတ်နဲ့ ဟန်ဂေရီတို့ဖြစ်ပါတယ်။ နယ်သာလန်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးတွေ့လူနာသစ် 2,921 ဦးရှိပါတယ်။

ဘားတွေ စားသောက်ဆိုင်တွေကို ည ၁၀ နာရီမှာပိတ်ဖို့အပါဝင် တားမြစ်ချက်အသစ်တွေကို အစိုးရ က ထုတ်ပြန်ထားတဲ့ကြားက အခုလို တိုးလာနေတာပါ။ အိုင်းစလန်းကတော့ ပြီးခဲ့တဲ့သတင်းပတ်ကုန်မှာ ၈၀ ဦး အသစ်တိုးလာပါတယ်။ ဒါပေမယ့် လူဦးရေနည်းတဲ့နိုင်ငံမို့ တသိန်းမှာ ၁၂၀ ဦးမက ပိုးတွေ့လူနာ စာရင်းဝင်သွားတာဖြစ်ပါတယ်။

ဒိန်းမတ်ကတော့ လူနာသစ်တွေ့ရှိမှုစာရင်းမြင့်နေတာ ၄ လတောင်ရှိနေပြီလို့ဆိုပါတယ်။ ဒီ ၄ နိုင်ငံမတိုင်ခင် အရင်ထုတ်ပြန်ထားတဲ့ လူတသိန်းမှာ ပိုးတွေ့လူနာ ၁၂၀ နှုန်းကျော်နေတဲ့ အနီရောင်စာရင်းဝင် နိုင်ငံတွေကတော့ စပိန်၊ ချက်၊ ပြင်သစ်၊ လူဇင်ဘတ်နဲ့ ဘလဂျီယံ နိုင်ငံတွေဖြစ်ပါတယ်။

Spain (320)

Czech Republic (267)

France (235)

Luxembourg (189)

Belgium (171)

The Netherlands (171)

Iceland (128)

Denmark (128)

Hungary (127)

။. ။ Source: CNN One



Follow us on