1. Home
  2. Myanmar News

မြန်မာ့စာတိုက်လုပ်ငန်းတွင် ဝန်ဆောင်မှုအသစ်ဖြစ်သည့် Smart Envelope များကို အသုံးပြုသွားမည်

Myanmar News ก.ย. 30, 2563 view 1,449

မြန်မာ့စာတိုက်ကြီး(၃)ခုဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စာတိုက်ကြီးတို့တွင် ဝန်ဆောင်မှုအသစ်ဖြစ်သည့် Smart Envelope ကို အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကာ အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးစာတိုက်ကြီး တာဝန်ခံအရာရှိ ဒေါ်နွယ်နီအောင်ထံမှ သိရသည်။

စာတိုက်ကြီးဝန်ဆောင်မှု အသုံးပြုနေကြသူ ပြည်သူများ အနေဖြင့် စာပို့ရာတွင် အချိန်ကြန့်ကြာမှုမရှိစေရန် အဆိုပါ ဝန်ဆောင်မှုအား လုပ်ဆောင်ပေးရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စမ်းသပ်ရောင်းချမှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ Smart Envelope များအား 1000 ဂရမ်အထိ ပို့ခပါပြီး အိတ်တစ်အိတ်လျှင် ၁၈၅၀ ကျပ်၊ ၅၀၀ဂရမ်အထိ ပို့ခပါပြီး အိတ်တစ်အိတ်လျှင် (၁၃၀၀)ကျပ် သတ်မှတ်ပေးထားပြီး ပို့ခမပါဝင်သည့် Smart Envelope များအား ၅၀၀ ဂရမ် တစ်အိတ်လျှင် (၃၀၀)ကျပ်၊ (၁၀၀၀)ဂရမ် တစ်အိတ်လျှင်(၃၅၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းတွင် ပုံမှန်လက်ခံပေးနေသည့် အမြန်ချော၊ ရိုးရိုးချော၊ Register ဖြင့် လက်ခံပေးသည့် ရိုးရိုးစာ ဝန်ဆောင်မှုများအား ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

MRTV



Follow us on