1. Home
  2. Myanmar News

ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံ အနှံ့ပြေးဆွဲပေးနေသော ရထားခရီးစဉ်များကို ခေတ္တရပ်နား

Myanmar News ก.ย. 28, 2563 view 1,707

ပြည်တွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မူများပြားလာသည့်အတွက် ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံ အနှံ့ပြေးဆွဲပေးနေသော ရထားခရီးစဉ်များကို ခေတ္တရပ်နားထားကြောင်း ရန်ကုန်ဘူတာ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။ “ရန်ကုန်ဘူတာကြီးကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ရထားပြေးဆွဲမှု လောလော ဆယ်မှာ မရှိပါဘူး။

ကုန်စည်စီးဆင်းမှု မပြတ်တောက်ဖို့ကတော့ ပုံမှန်ပြေးဆွဲပေးနေတဲ့ရထားလိုင်းတွေရှိပါ တယ်။ အသွားတစ် စင်း အပြန်တစ်စင်း အဆန်အထူးနဲ့ အစုန်အထူးကတော့ ကုန်စည်အတွက် ပုံမှန်ထွက်ခွာပေး နေပါတယ်။ မြို့ပတ်ရထားအစီးရေကတော့ အရင်က တစ်နေ့ကို ၅၄ ခေါက် ပြေးဆွဲခဲ့ရာကနေ အခု ၂၆ ခေါက်ပဲပြေးဆွဲပေးနေပါတယ် ” ဟု ၄င်းကပြောသည်။

ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မန္တလေး နှင့် ကြည့်မြင်တိုင် - ပြည် ပြေးဆွဲပေးနေသော ရထားလိုင်းများကို လည်း စက်တင်ဘာလ ၂၅ ရက်ကစတင်၍ ပြေးဆွဲမူများရပ်နားထားကြောင်းသိရသည်။

swh(PM) ဓာတ်ပုံ-Zaw lwin



Follow us on