1. Home
  2. Myanmar News

အင်္ဂပူမြို့နယ်တွင် COVID 19 ပိုးတွေ့ရှိသူသည် Music Zone မှ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူများကို ကွာရန်တင်းထားရှိရန်စီစဉ်

Myanmar News ก.ย. 17, 2563 view 1,518

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် COVID 19ရောဂါပိုးတွေ့ရှိသူမှာ MUSIC Zone မှ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၎င်းနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ်မှု ကွာရန်တင်းလုပ်ရန်စီစဉ်လျက်ရှိကြောင်း အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းထံကသိရသည်။

ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၇ရက် ဆက်သွယ်မေးမြန်းရာတွင် အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အေးဝင်းကပြောသည်။ "၁၃ယောက်ကို covid 19ဓါတ်ခွဲနမူနာ ယူပြီး စစ်ဆေးတဲ့အခါမှာ အဲဒီ ဝန်ထမ်းတစ်ယောက်က သူမှာ ပိုးတွေ့ရှိတာပေါ့။ အဲဒီ မြူးဇစ်ဇုန်ကပြန်လာတဲ့တစ်ယောက်ပေါ့။ လက်ရှိတော့ အဲဒီကောင်လေးကို ဟင်္သာတ ဆေးရုံပို့ထားတယ်။သူနဲ့ ထိတွေ့ထားတဲ့သူတွေကို စုံစမ်းပြီး ကွာရန်တင်းထားရမှာပေါ့''ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဖွင့်လှစ်ထားသော Music Zone မှ စက်တင်ဘာလအတွင်း ကိုဗစ်ပိုးတွေ့ရှိသူများပြားခဲ့ပြီး ကူးစက်သူများစေခဲ့သည့် အတွက် ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှလည်း ၎င်း စားသောက်ဆိုင်နှင့် KTV တွဲဖွင့်ထားသည့် Music Zoneပိုင်ရှင်ကို အရေးယူရန် ဆုံးဖြတ်ခဲ့သည်။ စက်တင်ဘာလ ၁၇ရက်မနက် ၈နာရီအထိ မြန်မာနိုင်ငံတွင် COVID 19 ဓါတ်ခွဲအတည်ပြုလူနာ ၃၈၉၄ဦး၊ သေဆုံးသူ ၄၆ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

nay nay(Myanmar Harp)



Follow us on