ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား ပြည်သူ့ဆေးရုံရှိ လူနာစောင့်များ ထားရှိရာအဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊ အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ့၊ Community Based Facility Quarantine Centre နှင့် ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ်ဆေးရုံဟောင်းတွင်(၁၀)ဦးဆံ့ Community Based Facility Quarantine Centre စုစုပေါင်း (၃)ခု ဖွင့်လှစ်ခဲ့သည်။
ယခုအခါ ပြည်တွင်းနေရပ်ပြန်များပါ ထပ်မံထားရှိရန်အတွက် တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၀)ဦးဆံ Community Based Facility Quarantine Centre ထပ်မံဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ က ပတ်ဝန်းကျင်သန့်ရှင်းရေးများကို ပူးပေါင်းဆောင်ရွက်နေပြီး တွံတေးမြို့နယ် တွင် Community Based Facility Quarantine Centre (၄)ခု ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးလှိုင်(တွံတေး)