1. Home
  2. Myanmar News

ရခိုင်မှပြန်လာသူတစ်ဝက်ကျော်ဖုန်းပြန်မဖြေဟုထုတ်ပြန်

Myanmar News ก.ย. 03, 2563 view 1,678

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်ကနေ ပြန်လာသူတွေထဲက လေးထောင်ကျော်ကို ဖုန်းခေါ်ရာမှာ တစ်ဝက်ကျော်က ဖုန်းပြန်မဖြေဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရခိုင်ပြန်(၄၇၅၉)ဦးကို ဩဂုတ်(၃၀)ကနေ (၃၁)ရက်အတွင်း ဖုန်းခေါ်ရာမှာ (၂၅၄၇)ဦးက ဖုန်းပြန်မဖြေဘူးလို့ ထုတ်ပြန်ထားတာပါ။

ဖုန်းပြန်ဖြေတဲ့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဆက်လက်သတင်းပေးပို့သူ (၁၃၀၂)ဦးရှိပြီး အသွားအလာကန့်သတ်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သူက (၁၁၄၂)ဦးရှိပါတယ်။ ဖုန်းပြန်ဖြေပေမယ့် ဖုန်းပြန်ချသွားတာ၊ ဖြေကြားဖို့ငြင်းဆန်တာ ထပ်မံဆက်သွယ်မရတော့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒီအချက်အလက်တွေကိုကြည့်ရင် ရောဂါဆက်လက်မပြန့်ပွားရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အလွန်အားနည်းတာကိုတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထုတ်ပြန်ကြေညာထားတဲ့အမိန့်ညွှန်ကြားချက်တွေ၊ သတင်းထိန်ချန်မှုတွေလုပ်ရင် တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာ အရေးယူခံရမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

One

#popolay #popolaytv #news #covid



Follow us on