1. Home
  2. Myanmar News

ဆေးဝါးကျွမ်းကျင်သူများ သမဝါယမအသင်း လီမိတက်မှ ဆေးဝါးများ ထုတ်လုပ်ရောင်းချပေးလျက်ရှိ

Myanmar News ก.ย. 01, 2563 view 1,515

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဆေးဝါးကျွမ်းကျင်သူများ သမဝါယမအသင်း လီမိတက်သည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများလို အပ်လျက်ရှိသော ဆေးဝါးများ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်လုပ်ရောင်းချပေးရာတွင် အရက်ပျံ၊ Germitol (ဂျာမီတော) အဆင့်မြင့် ကြမ်းတိုက်ဆေးရည်၊ Lervinol (လာဗီနော) ရေမွှေးနံ့ ပိုးသန့်စင်ဆေးရည်များကို FDA ထောက်ခံချက်အမှတ်၊ 9912-PL-0016 (96) ဖြင့် ထုတ်လုပ်၍ ဓါတုကုန်ကြမ်းဆိုင်များ၊ ပုဂ္ဂလိကဆေးဆိုင်များ၊ အစိုးရဆေးရုံများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် နယ်မြို့များသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်သည်။

MDN

#popolay #popolaytv #news



Follow us on