1. Home
  2. Myanmar News

(၂၀) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကျင်းပ

Myanmar News ส.ค. 20, 2563 view 1,429

(၂၀) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဩဂုတ်လ (၂၀) ရက်နေ့ နံနက် (၁၀)နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) မှာ အစီအစဉ် (၁၂)ခုနှင့် ကျင်းပလျက်ရှိပါသည်။

အဆိုပါအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိစ္စများဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ (၂၀၂၀) အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက်များကို ဆွေးနွေးသွားမှာဖြစ်ပြီး ဒီဆွေးနွေးပွဲက ရရှိလာမည့် သဘောတူညီချက်များကို ဩဂုတ်လ (၂၁) ရက်နေ့မှာ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ- စတုတ္ထအစည်းအဝေး တတိယနေ့အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ထည့်သွင်းချုပ်ဆို သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Credit: #Popolay #Popolaytv #News



Follow us on