1. Home
  2. Myanmar News

ရန်ကုန်မြို့ပတ်ရထားလမ်းနှင့်ကားလမ်းဆုံရာ နေရာငါးခုအား ယာယီပိတ်ပြုပြင်မည်

Myanmar News ส.ค. 20, 2563 view 1,527

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်သည့်စီမံကိန်းတွင်ပါဝင်သည့် ရထားလမ်း နှင့် ကားလမ်းဆုံရာ (Level Crossing) နေရာငါးခုအား ယာ ယီပိတ်၍ ပြုပြင်မည်ဟု မြန်မာ့ မီးရထားက သြဂုတ် ၁၆ ရက်တွင် ကြေညာသည်။ ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း (အရှေ့ခြမ်း) ရှိ ရေကူးနှင့် ပုဇွန်တောင်ဘူတာကြားရှိ Level Crossing ငါးခုအား သြဂုတ် ၁၈ ရက်ကစတင်ကာ ကားလမ်းတစ် ခြမ်းပိတ်၊ တစ်ခြမ်းဖွင့်စနစ်ဖြင့် အပိုင်းလိုက်ပြုပြင်မည်ဖြစ် ကြောင်း ကြေညာချက်တွင် ဖော် ပြထားသည်။

မရမ်းကုန်းမြို့နယ် ရေကူး ဘူတာအနီးရှိ ဂန္ဓာမာလမ်း Level Crossing အား သြဂုတ် ၁၈ မှ စက်တင်ဘာ ၁၁ ရက်အထိ လည်းကောင်း၊ ရန်ကင်းမြို့နယ် ကံဘဲ့ဘူတာအနီးရှိ ကံဘဲ့လမ်း (သစ္စာလမ်း) Level Crossing အား စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၆ ရက်အထိ လည်းကောင်း၊ ဘောက်ထော်ဘူ တာအနီးရှိ အောင်ဇေယျလမ်း Level Crossingအား သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂၂ ရက်အ ထိလည်းကောင်း ကားလမ်းတစ် ခြမ်းပိတ်၊ တစ်ခြမ်းဖွင့်စနစ်ဖြင့် ပြုပြင်မည်ဟုဆိုသည်။

ထို့အပြင် ရန်ကင်းမြို့နယ် ဘောက်ထော်ဘူတာအနီးရှိ ပြည် သာယာလမ်း Level Crossing အား သြဂုတ် ၂၉ ရက် မှ စက်တင် ဘာ ၁၃ ရက်အထိ အဆင့်မြှင့် တင်ရေးကာလအတွင်းလမ်းပိတ်ထားမည်ဖြစ်၍ အရှေ့မြင်းပြိုင် ကွင်းလမ်းနှင့် မာလာမြိုင်လမ်းမှ ပြည်သာယာလမ်းအား အသုံးပြု ရန် ဝေဇယန္တာလမ်းဘက်သို့သွား မည့် မော်တော်ယာဉ်များအနေဖြင့် ရတနာလမ်းနှင့်လေးထောင့်ကန်လမ်းတို့အား အသုံးပြုမောင်း နှင်ရန် အသိပေးထားသည်။

တာမွေမြို့နယ် မေတ္တာညွန့် ဘူတာအနီးရှိ မာလာနွယ်လမ်း Level Crossing အား စက်တင် ဘာ ၁၆ မှ အောက်တိုဘာ ၁ ရက် အထိပိတ်ထားမည်ဖြစ်၍ ဒဂုံ လမ်းမှ မာလာနွယ်လမ်းအားအ သုံးပြုရန်၊ ဝေဇယန္တာလမ်းဘက် သို့သွားမည့် မော်တော်ယာဉ်များ လေးထောင့်ကန်လမ်းနှင့် သမိန် ဗရမ်းလမ်းတို့အား အသုံးပြုရန် အသိပေးထားသည်။ ထို့ကြောင့် ယင်းလမ်းမများ အား အသုံးပြုမည့် ယာဉ်များအ နေဖြင့် သတိပေးဆိုင်းဘုတ်များ ကို ကြည့်ရှုမောင်းနှင်ရန် မြန်မာ့ မီးရထားက နှိုးဆော်ထားသည်။ ‘‘မြို့ပတ်လမ်းပိုင်း အဆင့် မြှင့်တင်မှုက တော်တော်ပြီးနေပြီ။

Level Crossing ကလည်း ရထား မြန်နှုန်းမြှင့်လိုက်တဲ့အချိန် မော် တော်ယာဉ်တွေနဲ့မတော်တဆမှုမဖြစ်ရအောင်လို့ အဆင့်မြှင့်မယ့် အထဲထည့်ထားရတာ’’ဟု မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေး မှူး ဦးဘမြင့်ကပြောကြားသည်။ မြန်မာ့မီးရထားအနေဖြင့်မြို့ပတ်ရထားလမ်းပိုင်းအား အ ရှေ့ခြမ်းနှင့် အနောက်ခြမ်းခွဲကာ တစ်ပြိုင်တည်း အဆင့်မြှင့်တင်နေ ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး ယခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးရန် မျှော်မှန်းထားသည်။

Credit : မိုးမင်း

#popolay #popolaytv #news #မီးရထား



Follow us on