1. Home
  2. Myanmar News

Copperbrains နည်းပညာ ဝန်ဆောင်မှု ကုပ္မဏီ နှင့် မိတ်ဆက်ပေးခြင်း

Myanmar News ส.ค. 17, 2563 view 1,460

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်ဂေဟစနစ်နှင့် ချိတ်ဆက်ပေးနေသည့် နည်းပညာ solution ထောက်ပံ့ပေးနေသည့် Copperbrains က ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် မိမိတို့ နှစ်သက်ရာ ပစ္စည်းများကို Messenger မှတဆင့် အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန် ကူညီပေးမည့် Facebook အခြေပြုစနစ်သစ်ဖြစ်သော eBOTကို ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က မိတ်ဆက်ခဲ့သည်။။

အဆိုပါနည်းပညာက ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို တိုးတက်လာနေသည့် e-commerce ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းဖြင့် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။ Copperbrains သည် မြန်မာ့ပထမဆုံး eBOT ကို လွန်ခဲ့သော ၂ နှစ်က myanpwel.com.mm အတွက် အောင်မြင်စွာ ဖန်တီးပေးခဲ့သည်။

လွယ်ကူ ရိုးရှင်းသော ဤsolution အသစ်က သက်ဆိုင်ရာလုပ်ငန်း၏ Facebook page နှင့် တိုက်ရိုက်ချိတ်ဆက်ရုံဖြင့် အဆိုပါ လုပ်ငန်းကို e-commerce  ဈေးကွက်အတွင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသော နိုင်ငံတကာမှ solution များနှင့် မတူသည်မှာ eBOTသည် ပြည်တွင်းရှိ ငွေပေးချေမှုနည်းလမ်းများနှင့် ကိုက်ညီမှုရှိသဖြင့် အသုံးပြုသူများအနေဖြင့် VISA၊ Mastercards များဖြင့်သာမက အခြားအသုံးများသော mobile wallet များ အသုံးပြုကာ ငွေပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ မူလက အဆိုပါ solution ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်မိတ်ဆက်ရန် စီစဉ်ထားခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားခဲ့မှုကြောင့် eBOT ၏ ပထမဆုံး version ကို သတ်မှတ်ချိန်ထက် ရှေ့တိုးကာ မိတ်ဆက်ပေးရန် ဆုံးဖြတ်ခဲ့သည်။

“မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်ရပြီးသားဖြစ်တဲ့ Facebook Messenger ကနေတဆင့် အရောင်းအဝယ်ပြုလုပ်နိုင်ဖို့ ကူညီပေးမယ့် eBOT ကို စတင်မိတ်ဆက်ရတာအတွက် ဝမ်းသာပါတယ်။ အသုံးပြုသူတွေအတွက် အဆင်ပြေအလွယ်ကူဆုံးဖြစ်ပြီး အန္တရာယ်ကင်းတဲ့ အွန်လိုင်းဈေးကွက်တစ်ခု ဖန်တီး ပေးနိုင်ခဲ့တာအတွက်ကိုလည်း ကျွန်တော်တို့ ပီတိဖြစ်ရပါတယ်။ eBOT က စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ ဝယ်သူတွေအတွက် အချိန်ကုန်သက်သာစေတဲ့အပြင် လူအင်အားအသုံးပြုရမှုကို လျှော့ချပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တပြိုင်တည်းမှာပဲ အချင်းချင်းထိတွေ့ဆက်ဆံမှုလျှော့ချဖို့ သတ်မှတ်ချက်ကို  လည်း လိုက်နာရာရောက်ပါတယ် ” ဟု Copperbrains ၏ CEO ဖြစ်သူ Thibault Verdier က ပြောကြားခဲ့သည်။ eBOT  ကို စတင်အသုံးပြုခြင်းအတွက် အခကြေးငွေ ပေးဆောင်ရန် မလိုအပ်ဘဲ လစဉ်အသုံးပြုခြင်းအတွက် ဝန်ဆောင်ခပမာဏမှာ eBOTမှတဆင့် ရောင်းချလိုက်သည့်ပမာဏအလိုက်သာ ကျသင့်မည် ဖြစ်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် eBOT စတင်အသုံးပြုချိန်နှင့် အသုံးမပြုရသေးချိန်ရှိ ရောင်းအားပမာဏ ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်ရှုနိုင်စေရန် ပထမဆုံးအသုံးပြုသည့်လအတွက် ဝန်ဆောင်ခများကို အခမဲ့ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါကာလ ကုန်ဆုံးပါက eBOT မှတဆင့် ရောင်းချလိုက်သည့် ပစ္စည်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို လစဉ်ကြေးအဖြစ် ကောက်ခံသွားမည်ဖြစ်သည်။

Copperbrains မှ ဖန်တီးထားသည့် eBOT သည် Page ပေါင်းများစွာကို တပြိုင်နက် စီမံခန့်ခွဲနိုင်ကာ အသုံးပြုသည့် လုပ်ငန်းတစ်ခုစီ၏ လိုအပ်ချက်အလိုက် သီးသန့်လုပ်ဆောင်ချက်များကိုလည်း ပေးအပ်နိုင်သည်။ ယခု solution ၏ အကူအညီဖြင့် e-commerce ကမ္ဘာသို့ စတင်ဝင်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် Copperbrains ၏ Hotline ဖြစ်သော 09 962 013 495 နှင့် အီးမေးလ်လိပ်စာ  [email protected] တို့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သည်။



Follow us on