1. Home
  2. Myanmar News

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ယခုနှစ် (၁၃၈၂ ခုနှစ်)တွင် ဒေသစာရီကြွချီပူဇော်ခံခြင်း မပြုကြောင်း ဆုံးဖြတ်

Myanmar News ส.ค. 17, 2563 view 1,451

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ဟူးကျေးရွာရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ယခုနှစ် (၁၃၈၂ ခုနှစ်)တွင် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခြင်း မပြုကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ ပူဇော်ခံရေးနှင့် ပတ်သက်၍ ဩဂုတ် ၁၆ ရက် နံနက် ၉ နာရီက အင်းလေးဖောင်တော်ဦးဘုရား ထိန်ထိန်လင်းကျောင်း၌ ကျင်းပသည့် ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များက ယခုနှစ် (၁၃၈၂ ခုနှစ်)တွင် ဒေသစာရီ ကြွချီပူဇော်ခံခြင်း မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခဲ့သော်လည်း ယခုနှစ်တွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်ခြင်း၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း စသည်တို့ကြောင့် ဒေသစာရီကြွချီ ပူဇော်ခံခြင်းမပြုကြောင်း သိရသည်။

Credit :နေမျိုးသူရိန် (ပြန်/ဆက်)

#popolay #popolaytv #news #ဖောင်တော်ဦး #အင်းလေး



Follow us on