1. Home
  2. Movie Stars - Celebrity

သုံးခွမြို့နယ်ရှိ ပရဟိကျောင်းတစ်ခုမှာ ရေချိုးခန်းနှင့် အိမ်သာများ ဆောက်လုပ်လှူဒါန်းပေးသွားမယ့် သရုပ်ဆောင်ချစ်သုဝေ

Movie Stars - Celebrity ส.ค. 14, 2563 view 1,849

အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေကတော့ သူမရဲ့မွေးလဖြစ်တဲ့ ယခုဩဂုတ်လထဲမှာ မွေးနေ့အတွက်ရည်စူးပြီး အလှူအတန်းများစွာကို အဆက်မပြတ်ပြုလုပ်နေတာတွေ့ရပါတယ်။ ချစ်သုဝေဟာ ဩဂုတ်လ (၁၀) ရက်နေ့က ကျရောက်ခဲ့တဲ့သူမရဲ့မွေးနေ့အတွက် မွေးနေ့ရက်မတိုင်မီကတည်းက အလှူအတန်းများစွာကို လိုက်လံပြုလုပ်နေတာဖြစ်ပြီး မွေးနေ့ရက်ပြီးသွားသည့်တိုင်အောင် မွေးနေ့အလှူအဖြစ် ဆက်လက်လှူဒါန်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ သူမရဲ့မွေးလမှာ ၅ ကြိမ်မြောက်အလှူကုသိုလ်အဖြစ် သုံးခွမြို့နယ်၊ အိဿကျေးရွာ၊ ဓမ္မစမ်းရေပရဟိတကျောင်းရှိ ကလေးငယ်များအတွက် ဆန်၊ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကလေးများဆော့ရန် အရုပ်များ၊ အလှူငွေများကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ချစ်သုဝေဟာ သူမ၏အစီအစဉ်ဖြင့် ကလေးငယ်များအတွက်သွားရောက်လှူဒါန်းခဲ့သော်လည်း နေထိုင်စရာအခက်အခဲဖြစ်နေတဲ့ ကလေးများကို​မြင်ပြီး ရေချိုးသန့်စင်ခန်းနှင့် အိမ်သာများကိုပါ ဆောက်လုပ်လှူဒါန်းပေးသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အလှူငွေမလုံလောက်သောကြောင့် ကလေးငယ်များမှာ အတူစုရုံးနေထိုင်နေကြရပြီး မိန်းမပျိုလေးတွေပါရှိနေတာကြောင့် ကျောင်းအတွင်းလိုအပ်တဲ့ ရေချိုးသန့်စင်ခန်းနှင့် အိမ်သာ ၆ လုံးကိုပါ ဆောက်လုပ်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ချစ်သုဝေက သူမရဲ့အလှူခရီးစဉ်လေးကို အားလုံးသိမြင်နိုင်အောင် လူမှုကွန်ယက်ကနေ မျှဝေရေးသား ဖော်ပြထားတာဖြစ်ပါတယ်။ မွေးလမှာ အလှူအတန်းများစွာ လိုက်လံပြုလုပ်နေတဲ့ ချစ်သုဝေအတွက် သာဓုများခေါ်ဆိုနိုင်ကြပါစေ…

(ပိုပိုလေး)



Follow us on