1. Home
  2. Myanmar News

နာနတ်သီးကုန်သေတ္တာထဲက ကိုကင်း ၁ တန်ကျော် ကော်စတာရီကာရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

Myanmar News ส.ค. 13, 2563 view 1,466

နာနတ်သီး ကုန်သေတ္တာအတွင်း ဝှက်သယ်လာတဲ့ ကိုကင်း ၁ တန်ကျော်ကို ကော်စတာရီကာရဲတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီကုန်တင်သင်္ဘောဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ကိုကင်းတွေကို ရောင်းချမယ်ဆိုရင် ကာလပေါက်ဈေး ယူရိုငွေ သန်းချီရမယ်လို့ မျှော်လင့်ရပါတယ်။

ကော်စတာရီကာ အာဏာပိုင်တွေက ကုန်သင်္ဘောကို စစ်ဆေးချိန်မှာ ကိုကင်းတွေကို တွေ့ရှိခဲ့တာလို့လည်း ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကော်စတာရီကာ အာဏာပိုင်တွေရဲ့ ၉ ကြိမ်မြောက် ဖမ်းဆီးရမိမှုဖြစ်ပြီး အခုထိ ဖမ်းမိတဲ့ မူးယစ်ဆေး စုစုပေါင်းဟာ ၉ ဒသမ ၁ တန်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရှိရပါတယ်။

Credit:

#Popolay #Popolaytv #News #Intertional_News



Follow us on