မြန်မာပြည်ရှိ ဆင်းရဲသား အခြေခံလူတန်းစားများရဲ့ဘ၀ကို စာနာသနားစိတ်ဖြင့် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာဆိုရင် သူ့ရဲ့ဖြူစင်တဲ့စိတ်ထား၊ ကြင်နာတတ်တဲ့နှလုံးသားကြောင့် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ထားတာပါ။ အလျဉ်းသင့်ရင် သင့်သလို ကူညီလှူဒါန်းမှုတွေပြုလုပ်နေတဲ့ SInon က မြန်မာပြည်သူတွေရဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားမြတ်နိုးသူပါ။
Sinon က ကိုဗစ်-၁၉ ရောဂါကြောင့် Stay Home ကာလများအပြီးမှာ မြန်မာပြည်ရဲ့ နာမည်ကြီးနေရာဒေသတွေကို သွားလာလည်ပတ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဇွဲကပင်မြေ ဘားအံကိုရောက်ရှိနေတဲ့ Sinon က ကရင်ပြည်နယ်ကိုရောက်ခိုက်မှာ မကြာသေးခင်ကမှ ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ် Suicide လုပ် အဆုံးစီရင်သွားတဲ့ကောင်လေးရဲ့ မိဘများရှိရာနေအိမ်သို့သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
သားဖြစ်သူ ဆုံးပါးသွားတာကြောင့် ပူဆွေးသောကရောက်နေတဲ့ ထိုကောင်လေးရဲ့မိဘအိမ်သို့သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တာကို တွေ့မြင်ရပါတယ်။ ထိုအကြောင်းကိုတော့ Sinon က
“ဒီနေ့ ကျတော် မကြာသေးခင်က Suicideလုပ်သွားတဲ့ ကောင်လေးရဲ့မိဘတွေအိမ်ကို သွားခဲ့ပါတယ်.. ကျတော်သူတို့တွေကိုနှိမ်သိမ့်ပေးခဲ့တယ်.. သူတို့တွေဘယ်လောက်များ ပူဆွေးသောကရောက်နေမလဲဗျာ
comment