ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။
ကြက်သွန်နီဟာ အားကစားသမားတွေကို လုပ်ဆောင်ချက် ကောင်းအောင်ကူညီ နိုင်တယ်လို့လည်း ယုံကြည်ကြပြီး ရှေးခေတ်ဂရိအိုလံပစ် ကစားသမားတွေဟာ အားကစားပြိုင်ပွဲ မယှဉ်ပြိုင်ခင် အချိန်မှာ ကြက်သွန်နီကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကြက်သွန်နီအရည်ကို သောက်သွားကြပါတယ်။ သုတေသနပြုသူတွေက လေ့လာမှု အသစ်တွေ အများအပြားပြုလုပ်ပြီး ရှေးခေတ်က ကြက်သွန်နီ အသုံးပြုတာကို ထောက်ခံမှုပေး ကြပါတယ်။
ကြက်သွန်နီမှ အနံ့ထွက်စေတဲ့ Thiosulfinates တွေဟာ ဆီးချိုရောဂါ လက္ခဏာကို သက်သာစေပြီး နှလုံးသွေးကြော ရောဂါမှ ကာကွယ်နိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Flavonoid Quercetin ဟာလည်း ဓာတ်မတည့်မှုနဲ့ ပတ်သက်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ပြီး အစာအိမ်၊ အူမကြီး၊ အစာရေမျိုပြွန်နဲ့ ရင်သားကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနှစ် International Journal of Sports Nutrition အရ အနှစ်ဟာ ခံနိုင်ရည်ရှိမှု မြင့်မားတယ်လို့ သိရပါတယ်။
- ကြက်သွန်နီဟာ ပန်းသီးထက်ကို ဆရာဝန်တွေ ခေါ်ဖို့ မလိုအပ်အောင်
အစွမ်း ထက်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြက်သွန်နီမှာ ပါဝင်တဲ့
quercetin ကို ပန်းသီးမှ ရတဲ့ quercetin ထက် သုံးဆပိုပြီး စုပ်ယူနိုင်ပါ
တယ်။ Thiosulfinates အများဆုံး ရရှိအောင် အနီရောင် ဒါမှမဟုတ်
အဝါရောင် ကြက်သွန်နီကို ရွေးချယ်ပါ။ အရောင်စုံလေ ပိုကောင်းလေ
ပါ။
- “ အပူချိန်ကြောင့် Thiosulfinates တွေလျော့နည်းသွားနိုင်တာမို့
ကြက်သွန်နီကို အစိမ်းလိုက်စားပါ။ ဒါမှမဟုတ် မကျက်တကျက်စားပါ။
ကြက်သွန်နီ အမျိုးအစား များစွာရှိပြီး ချက်ပြုတ်နည်းတွေလည်း ကွဲပြား
တာမို့ ဘယ်လောက်စားရမလဲ ဆိုတာ ပြောရခက်ပါတယ်။ နေ့စဉ်စား
နေကျ အစာအဖြစ် ပုံမှန်စားသင့်တယ် ” လို့ သုတေသနပြု သူတွေက
ဆိုပါတယ်။
(ပိုပိုလေး)
comment