1. Home
  2. Movie Stars - Celebrity

ချစ်သက်တမ်း နှစ် ၂၀ ပြည့်မှာ အနုအရွစာသားလေးတွေနဲ့ ဇနီးသည်အပေါ် ရိုလိုက်တဲ့ သရုပ်ဆောင်ဇာဏ်ခီ

Movie Stars - Celebrity มิ.ย. 12, 2563 view 1,668

ပရိသတ်ကြီးရေ… ဒီကနေ့ကတော့ ခီမောင်နှံရယ်လို့ အများကချစ်စနိုးခေါ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်ဇာဏ်ခီနဲ့ ဒါရိုက်တာခရစ်တီးနားခီတို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း နှစ် (၂၀) ပြည့်နေ့လို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာလောကမှာ ပေါ်လာတာမကြာသေးပေမယ့် အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

နှစ်ယောက်သား ဒိုးတူပေါင်ဖက်အလုပ်လုပ်ကိုင်ကြရင်း စစ်မှန်တဲ့အနုပညာပုံရိပ်တွေကို ချပြနိုင်အောင် အကောင်းဆုံးကြိုးစားနေသူတွေမို့လည်း ပရိသတ်တွေက ဝန်းရံအားပေးနေကြတာပါ။ တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ညီပြီး ချစ်ကြည်နူးစရာကောင်းတဲ့စုံတွဲလေးမို့ ပရိသတ်ကြီးကအချစ်ပိုနေရတဲ့ ဇာဏ်ခီနဲ့ ခရစ်တီးနားခီတို့ စုံတွဲကတော့ ချစ်သက်တမ်း နှစ် ၂၀ တောင်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

မယုံကြည်နိုင်စရာကောင်းလောက်အောင် တစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ နှောင်ဖွဲ့ခဲ့တာ နှစ် ၂၀ တောင်ရှိသွားခဲ့​ပြီဆိုတဲ့အကြောင်းကို ဇာဏ်ခီက အနုအရွစာသားလေးတွေနဲ့အတူ ရိုမန့်တစ်ဆန်ဆန် ရေးသားထားတာကို တွေ့မြင်ရပါတယ်။

စတွေ့ကတည်းက ချစ်မြတ်နိုးခဲ့ရတဲ့ ဇနီးသည်ကို ယခုချိန်ထိတိုင် အရင်ကထက်မလျော့သေးတဲ့ ချစ်ခြင်းတို့ဖြင့် အပြည့်အ၀ချစ်နေဆဲပါလို့လည်း ဆိုထားပါတယ်။

“Happy 20th Anniversary, my love.
အနှစ်၂၀ ဆိုပေမယ့် စတွေ့တဲ့နေ့က အူကြောင်ကြောင်ခံစားချက်က တစ်နေ့ကလိုဖြစ်နေတုန်းပဲ။ အူကြောင်ကြောင်ကောင်လေးက အဲ့ဒီတုန်းက fashion ကအရွဲ၊ အလုပ်ကမကောင်း၊ ဘဏ်အကောင့်မရှိ၊ အာပုတ်စော်နံပြီး မာနကလည်းကြီးခဲ့သေးတယ်။ ဒါပေမယ့်အဲ့ဒီ့ကောင်လေးက ရည်းစားဖြစ်ခါနီး မိနစ်ပိုင်းအလိုတွေမှာ “ကျနော့်ဘဝထဲဝင်မလာပါနဲ့” လို့ warning ပေးခဲ့ဖူးတယ်။ Warning လား ထောင်ချောက်ဆင်တာလားတော့ အခုချိန်ထိကိုယ့်ဟာကိုမကျိမ်းသေဘူး။ ဒါပေမယ့် ကံကြမ္မာကစီစဉ်ပြီးသားမို့လို့လား ဒါမှမဟုတ် ကောင်လေးရဲ့တော်ကီတွေမှာကြွေသွားလို့လားမသိ ကောင်မလေးနဲ့ကောင်လေး ရူးရူးမိုက်မိုက်ချစ်သွားခဲ့ကြတယ်။ နောက်တော့ကောင်လေးဘာသိလိုက်ရလဲဆိုတော့ ကောင်မလေးကလဲသူ့လို အရူးလေးပဲဆိုတာကိုပါပဲ။ ဒါကြောင့်ဒီအရူးလေးက အရူးမလေးကို still madly in love ပါလို့..You will always be my lobster” ဆိုပြီး ရေးသားထားတာကို တွေ့မြင်ရပါတယ်။

ချစ်သက်တမ်း နှစ် ၂၀ ပြည့်မှစ နောက်နှစ်ပေါင်းများစွာတိုင် အချစ်တွေမလျော့ပဲ စစ်မှန်တဲ့ချစ်ခြင်းတို့ဖြင့် ရှေ့ဆက်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)



Follow us on