အသားဖြူဖြူ ရုပ်ရည်ခပ်ချောချော ယောကျာ်းပီသတဲ့အရပ်အမောင်းနဲ့ နိုင်ငံခြားမော်ဒယ်တစ်ယောက်လို့ ထင်မှတ်ရလောက်တဲ့ မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုကတော့ ပရိသတ်ရဲ့အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားတာပါ။ ထွန်းကိုကိုက အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရဟိတအလုပ်တွေကိုလည်း အင်တိုက်အားတိုက်လုပ်ကိုင်ဆောင်ရွက်နေသူပါ။
‘ပရဟိတအလုပ်တွေလုပ်ကိုင်ရတာက သူ့ရဲ့ဝါသနာတစ်ခုပါ’လို့ဆိုတဲ့ ထွန်းကိုကိုက နာရေးကူညီမှုအသင်းကြီးမှာ အဖွဲ့ဝင်ထားပြီး ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်သလို အရေးပေါ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအဖြစ်ပါ လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဒါ့အပြင် Covid-19 ကပ်ရောဂါ ကာလအတွင်းမှာလည်း နေအိမ်တောင်မပြန်ပဲ ပရဟိတအလုပ်တွေမှာ စိတ်ရောလူပါ ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။
နောက်တက်အနုပညာရှင် လူငယ်တွေထဲမှာတော့ ပရဟိတအလုပ်တွေကို ငွေအားရော လူအားပါမကျန် အားတက်သရောလုပ်ကိုင်ဆောင်ရွက်နေသူမို့ ထွန်းကိုကိုရဲ့ပရဟိတစိတ်လေးကို အများကဝိုင်းဝန်းချီးကျူးနေကြပြီး မွန်မြတ်တဲ့စိတ်ထားပိုင်ဆိုင်ထားတဲ့ ထွန်းကိုကို ကို ပိုပိုပြီး လေးစားချစ်ခင်လာကြတာလည်း တွေ့မြင်ရပါတယ်။
ယခုတစ်ခါမှာတော့ ထွန်းကိုကိုက သူ့ရဲ့အမာခံပရိသတ်များနဲ့အတူ သန်လျင်မြို့နယ်မှာရှိတဲ့ သက်ကြီးဘိုးဘွားဇနီးမောင်နှံအား အလှူငွေများနှင့် စားစရာများသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ထိုအကြောင်းကိုတော့ “ကျွန်တော်ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများ၏ကုသိုလ်အဖြစ် သန်လျင်မြို့ ဘုရားသုံးဆူအပိုင် ပိတုန်း(ပဒုန်း)လမ်းနေ အသက်(၈၇)နှစ် အဖိုး ဦးအောင် နှင့် (၈၆)နှစ် အဖွား ဒေါ်မြင့်တို့ ဇနီးမောင်နှံအား အလှူငွေ တစ်သိန်းတစ်သောင်း(၁၁၀၀၀၀) အိုဗာတင်း မုန့်ပုံး စောင် တဘက် လက်သုပ်ပဝါ ခေါင်းအုံးဖုံး ဖိုက်ဘာBox တို့အားသွားရောက် ကန်တော့ခဲ့ကြပါတယ်ခင်ဗျာ” လို့ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ရေးသားမျှဝေထားတာဖြစ်ပါတယ်။
(ပိုပိုလေး)
comment