ဆရာဖြစ်သူ ဂျွန်လွင်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် သံစဉ်မောင်နှင့် နေဒွေးတို့နှစ်ယောက်ဟာ သူတို့ကြားကဖြစ်ပေါ်နေတဲ့ ပြဿနာတွေအတွက် ပြီးခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က မီဒီယာများရှေ့မှောက်မှာ နှစ်ဦးတွေ့ဆုံပြီး ပြဿနာတွေကိုဖြေရှင်းညှိနှိုင်းခဲ့ကြပြီးဖြစ်ပါတယ်။ နေဒွေးဘက်မှ သူ့ရဲ့လုပ်ရပ်တွေနှင့် ဖြစ်ပေါ်ခဲ့ရသည့်ပြဿနာတွေအတွက် တောင်းပန်ခဲ့သလို သံစဉ်မောင်ဘက်မှလည်း အပြီးသတ်ခွင့်လွှတ်ကျေအေးပေးလိုက်ပြီဖြစ်ပါတယ်။
သို့သော်ငြားလည်း ပရိသတ်တွေကြား သူတို့နှစ်ယောက်နှင့်ပတ်သက်ပြီး ဝေဖန်ရေးသားပြောဆိုမှုတွေက မပြီးသေးပဲကျန်ရှိနေတာကြောင့် သူမအနေနဲ့ပြဿနာတွေကို အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် စကားလုံး၊ အရေးအသားတွေနှင့် မှတ်ချက်များထပ်မပေးကြတော့ဖို့ မေတ္တာရပ်ခံတောင်းဆိုလာပါတယ်။
“တွေ့ဆုံညှိနှိုင်းပွဲလေးအကြောင်းနဲ့ပတ်သက်လို့ အသိပေး သတိပေးချင်တာလေးတွေ ရှိပါတယ်…
တကယ်တော့ ဟိုနေ့က တွေ့ဆုံညှိနှိုင်းတယ်ဆိုတာက ဆရာဂျွန်လွင်သည် ကိုယ့်ရဲ့ ဆရာသမားဖြစ်တာတကြောင်း ကိုယ်လေးစားရိုသေရတဲ့ ဆရာသမားဖြစ်တာတကြောင်းကြောင့် လက်ခံတွေဆုံဖြစ်ခဲ့တာပါ.. အဲ့တွေ့ဆုံမှုအပေါ်မှာ အမှုနဲ့မသက်ဆိုင်ပေမဲ့ ကျွန်မဖက်မှ တွေ့ဆုံမှုအပေါ် လူအချင်းချင်း ဘာအညိုး ဘာအာဃာဒတရားမှ မရှိတော့လို့ ခွင့်လွှတ်ပေးတယ်ဆိုတာမျိုး အသိပေးချင်တာပါ…
သူ့ဖက်ကလဲ အမှားတွေကို တရားဝင် ဝန်ခံတောင်းပန်ခဲ့တဲ့အတွက် ဆရာ့မျက်နှာနဲ့ ကျွန်မရင်ထဲကအစိုင်အခဲတွေကို ကျေးအေးပေးခဲ့ခြင်းပါ...အခုလို ကျေအေးပေးခြင်းဆိုတဲ့ စကားရဲ့နောက်မှာ ဆက်လက်ပီး ကျွန်မတို့၂ယောက်ရဲ့ ကင်းရှင်းတဲ့ အခြေအနေတစ်ခုအပေါ် ကျမရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ comment တွေ ထပ်ထပ်ဖြစ်နေတာ တွေ့နေရပါတယ်..မိန်းမသားတယောက်အနေနဲ့ အမှန်တရားတခုလက်ကိုင်ထားပီး ဒီအချိန်ထိ အားတင်းရင်ဆိုင်နေရတာပါ..
ဒါကြောင့် စာနာပေးကြဖို့နဲ့ ဒီလိုမျိုး ထပ်မလုပ်ကြဖို့ကို အနူးအညွတ်မေတ္တာရပ်ခံပါတယ်..ကျမရဲ့ အမှန်တရားကိုလဲ အားလုံးသိရှိနားလည်ကျပီး ဖြစ်မှာပါ..comment တွေဖတ်ပီးကျနေတဲ့ အမေ့မျက်ရည်ကို တကယ်ခံနိုင်ရည်မရှိတော့လို့ပါ” ဆိုကာ အနူးအညွတ် မေတ္တာရပ်ခံရေးသားထားပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တွေနှင့်ပတ်သက်ပြီး သူမကိုယ်တိုင်လည်း အဆုံးသတ်လိုက်ပြီမို့ ပရိသတ်ကြီးက ထိခိုက်နစ်နာစေမယ့် စကားလုံးတွေရေးသားပြီး ပြောဆိုနေကြတာကို ရှောင်ရှားလိုက်ပါနော်…
(ပိုပိုလေး)
comment