1. Home
  2. Movie Stars - Celebrity

ဘောလိဝုဒ်ရုပ်ရှင်မင်းသားကြီး “ရီရှီကပူး” သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်

Movie Stars - Celebrity เม.ย. 30, 2563 view 1,770

အိန္ဒိယရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ မင်းသားကြီး “ရီရှီကပူး” ဟာ သွေးကင်ဆာရောဂါကို ၂ နှစ်ကြာခံစားခဲ့ရပြီး ဧပြီလ ၃၀ ရက်နေ့ အသက် ၆၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

“ကပူး” ဟာ ၂၀၁၈ ခုနှစ်ကတည်းက ကင်ဆာရောဂါ စတင်ခံစားခဲ့ရပြီး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ အသက်ရှုရခက်ခဲတဲ့ ဝေဒနာကိုခံစားခဲ့ရတာကြောင့် မွမ်ဘိုင်းမြို့ရှိ ဆေးရုံကြီးကို တင်ပို့ခဲ့ရကြောင်း သူ၏ညီအရင်းဖြစ်သူ ‘ရန်ဒီယာကပူး’ က အိန္ဒိယသတင်းစာ Trust of India ကို ပြောကြားခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ သူ၏ဇနီးနှင့် သရုပ်ဆောင်ဖော်ဆောင်ဖက် အကျော်အမော်တစ်ဦးဖြစ်သူ ‘နီတူး’ တို့အနားတွင် ရှိနေခဲ့ကြောင်း ဟင်ဒူစတန်တိုင်းမ်းစ် သတင်းစာမှာဖော်ပြထားပါတယ်။

“ကပူး” ဟာ ဘောလိဝုဒ်မင်းသား “အီရီဖန်” ကွယ်လွန်ခဲ့ပြီး ၂၄ နာရီအတွင်းမှာပင် ထပ်မံကွယ်လွန်ခဲ့ရတဲ့ ဘောလိဝုဒ်ရဲ့ ကြယ်ပွင့်လည်းဖြစ်ပါတယ်။

“ရီရှီကပူး” ဟာ ဟင်ဒီရုပ်ရှင်လောကမိသားစုကနေ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဖခင်က မင်းသားကြီး “ရက်ရှ်ကပူး” ဖြစ်ပါတယ်။ “ရီရှီကပူး” က အချစ်ဇာတ်လမ်းတွေမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bobby ဇာတ်ကားမှာ တဟုတ်ထိုးနာမည်ကျော်သွားခဲ့ပါတယ်။ နောက်တစ်နှစ်မှာပဲ အကောင်းဆုံး ရုပ်ရှင်မင်းသားဆုကို ရရှိခဲ့ပါတယ်။

သူဟာ ရုပ်ရှင်သရုပ်ဆောင်အလုပ်သာမက ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ဇာတ်ကားအမြောက်အများ ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးခဲ့တဲ Kapoor and Sons (2016) နဲ့ 102 Not Out (2018) ဇာတ်ကားတွေဟာ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ 102 Not Out မှာ မင်းသားကြီး အမီတာဘဂျန်း နဲ့ အတွဲညီညီသရုပ်ဆောင်ထားပြီး လူကြိုက်များတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။



Follow us on