1. Home
  2. Movie Stars - Celebrity

နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသား ‘အီရီဖန်ခမ်း’ ကင်ဆာရောဂါဖြင့် ကွယ်လွန်

Movie Stars - Celebrity เม.ย. 29, 2563 view 2,311

Slumdog Millionaire နဲ့ Life of Pi ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသား “အီရီဖန်ခမ်း (Irrfan Khan)” ဟာ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် အူမကြီးကင်ဆာဖြင့် ကွဘ်လွန်သွားပြီဖြစ်သည်။

‘ခမ်း’ ဟာ အူမကြီးကင်ဆာကို လပေါင်းအတော်ကြာ ကုသမှုခံယူနေခဲ့ရာမှ ဧပြီ ၂၈ ရက်နေ့တွင် ကျောက်ကပ်ကို ရောဂါပိုးဝင်းပြီး အရေးပေါ်အခြေအနေဖြင့် မွမ်ဘိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူခဲ့သည်။

ယင်းသို့ ကုသမှုခံယူနေစဉ် ဗုဒ္ဓဟူးနေ့(ယနေ့)တွင် ကွဘ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် “ခမ်း” က အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် သားနှစ်ဦးကျန်ရှိခဲ့ကြောင်း သိရသည်။ သူ့ရဲ့နောက်ဆုံးအချိန်များကို သူချစ်ခင်ရသည့် မိသားစုများ၏ ဂရုစိုက်မှုများနဲ့အတူ ကုန်ဆုံးခဲ့ကြောင်း “ခမ်း” ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“အီရီဖန်ခမ်း (Irrfan Khan)” ဟာ အိန္ဒိယနိုင်ငံတွင်းမှာသာ အောင်မြင်ရုံသာမက အော်စကာဆုရ ဟောလိဝုဒ်ရုပ်ရှင်တွေဖြစ်တဲ့ Slumdog Millionaire နဲ့ Life of Pi တို့အပြင် Jurassic World ရုပ်ရှင်တို့မှာပါ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်ကောင်း တစ်ဦးလည်းဖြစ်တာကြောင့် ကမ္ဘာအနှံ့က “ခမ်း” ရဲ့ ပရိသတ်များ အားလုံးကြေကွဲဝမ်းနည်းရကြောင်း သိရသည်။



Follow us on