တရုတ်နိုင်ငံ ယင်ထန်မြို့ ချန်ဂွမ်းစီရင်စုတွင် လမ်းဘေးခွေးများက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်များကို ထိတ်လန့်အောင် ပြုလုပ်သည့်သတင်းကြောင့် တရုတ်ရဲက လမ်းဘေးခွေးများအား သံတုတ်ဖြင့် ရိုက်သတ်ခဲ့သည်။
အဆိုပါအပြုအမှု အစအဆုံး တရုတ်လူမှုကွန်ယက် ဝီဘီတွင် ပြန့်နှံ့သွားခဲ့ပြီးနောက် ချန်ဂွမ်းအုပ်ချုပ်ရေးမှူးရုံးကို ပြစ်တင်ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ ရုပ်သံတွင် လမ်းဘေးခွေးတစ်ကောင်အား သံတုတ်ရှည်ဖြင့် သေသည်ထိရိုက်နှက်ခဲ့သည့် ရဲဝန်ထမ်းမှာ ရက်စက်သူအဖြစ် နာမည်ကျော်ဇောသူဖြစ်ကြောင်း ရုပ်သံကို အွန်လိုင်းတွင် တင်ထားခဲ့သူက ရေးသားဖော်ပြထားသည်။
လူတိုင်းကြည့်ရှု့ရန်မသင့်သော ရုပ်သံတွင် ရိုက်နှက်ခံထားရလို့ သွေးအိုင်ထဲလဲနေသော ခွေးကို ရဲက သံတုတ်ရှည်ဖြင့် မသေမချင်းရက်စက်စွာ ရိုက်နှက်ခဲ့တာကို မြင်တွေ့ရပါတယ်။
ဖြစ်စဉ်ကြောင့် ယင်ထန်မြို့တော် အုပ်ချုပ်ရေးမှူးရုံးက ဒေသတွင်းမီဒီယာများကို ဖြေရှင်းချက်ထုတ်ရာတွင် အဆိုပါပတ်ဝန်းကျင်၌ သက်ကြီးရွယ်အိုများနဲ့ ကလေးများအတွက် အန္တရာယ်ရှိနိုင်သည့် လမ်းဘေးခွေးများ သောင်းကျန်းနေကြောင်း တိုင်စာများ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ရဲအရာရှိရဲ့ ရက်စက်စွာဖြေရှင်းနည်းဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ လက်ရှိမှာ ဝေဖန်မှုတွေခ့နေရတာကြောင့် သူတို့တွေကို အခြားသောဖြေရှင်းနိုင်သည့် နည်းလမ်းများကို ပြန်လည်သင်တန်းပို့ချ သင်ကြားပေးနေကြောင်း ပြောဆိုခဲ့သည်။
Covid-19 ကာလတွင် ပိုင်ရှင်မဲ့ လမ်းဘေးခွေးများအတွက် အစားအစာရှားပါးလာခဲ့ပြီးနောက် တိရိစ္ဆာန်တို့၏ သဘာဝအရ ရန်မူနိုင်သည့် အပြုအမူများ ပေါ်ပေါက်လာသည့်အပေါ် ယခုလို ရက်စက်သောနည်းလမ်းဖြင့် ဖြေရှင်းလိုက်ခြင်းဖြစ်သည်ဟု အွန်လိုင်းသုံးစွဲသူများက ယူဆထားကြသည်။
comment