1. Home
  2. Special or Others

ထိုင်းတွင် ယာဉ်ထိန်းရဲကို ကားနဲ့တိုက်ပြေးတဲ့ ယာဉ်မောင်းအား အလိုရှိနေ (ရုပ်သံ)

Special or Others เม.ย. 24, 2563 view 1,688

ထိုင်းနိုင်ငံတောင်ပိုင်း နာခွန်စီသန်မာရတ် စီရင်စုတွင် ဧပြီလ ၂၂ ရက်နေ့က ယာဉ်ထိန်းရဲ အရာရှိတစ်ဦးကို ကားနဲ့ဝင်တိုက်ခဲ့ရာ ရဲက ကားအရှေ့စက်ဖုန်းပေါ် ခုန်တက်ရှောင်ရှားရင်း အက်ရှင်ရုပ်ရှင်ဇာတ်လမ်းများထဲကလို တွဲလောင်းခိုလျှက် ၂ ကီလိုမီတာအကွာအဝေးထိ လိုက်ပါသွားခဲ့ကြောင်း ရုပ်သံနဲ့တစ်ကွ မြင်တွေ့ခဲ့ရပါတယ်။

ယာဉ်ထိန်းရဲအရာရှိ ‘မွန်ထရီ နီတီချိုင်’ ဟာ ဆိုင်ကယ်စီးနင်းလျှက် လမ်းဆုံတစ်ခုမှာ မီးပွိုင့်မိနေသဖြင့် စောင့်ဆိုင်းနေစဉ် သူ၏ဆိုင်ကယ်ကို အဝါရောင် မစ်ဆူဘီရှီ အမျိုအစားကားတစ်စီးက နောက်ကနေ ဝင်တိုက်မိခဲ့သည်။ တိုက်မိသည့် အရှိန်မှာ မပြင်းလှသော်လည်း သူ၏ဆိုင်ကယ် နောက်ပိုင်းကို ထိသွားသဖြင့် ‘မွန်ထရီ’ က ဆိုင်ကယ်ပေါ်မှ ဆင်းကာ မစ်ဆူဘီရှီယာဉ်ပိုင်ရှင်ကို စကားပြောရန် သွားစဉ် ကားကသူ့ဆီကို ဦးတည်ကာ အရှိန်တင်ပြီး တည့်တည့်မောင်းလာသဖြင့် ကမန်းကန်း ကားရှေ့ဖုံးပေါ်သို့ ခုန်တက်ပြီး ရှောင်လိုက်ရသည်။

ထို့နောက် ကားက မရပ်ပဲ ဆက်မောင်းသွားခဲ့ရာ ‘မွန်တီ’ လည်း စက်ဖုံးပေါ်ပါသွားခဲ့သည်။ ၂ ကီလိုမီတာလောက် မောင်းသွားပြီး ယာဉ်မောင်းက ဘရိတ်စောင့်နင်းခဲ့ရာ ရဲအရာရှိ ‘မွန်တီ’ လွင့်စင်ပြီး ပြုတ်ကျကျန်ခဲ့သည်။

ယာဉ်မောင်းနဲ့ ပက်သက်ပြီး ရဲများက သူ့ကိုမေးမြန်းခဲ့ရာ ‘မွန်တီ’ဟာ ကားပေါ်ခိုလိုက်သွားစဉ်အတွင်း စိုးရိမ်စိတ်ကြောင့် ယာဉ်မောင်းကို သေချာ မကြည့်နိုင်သည့်အပြင် ယာဉ်မောင်းမှာလည်း ဘေ့စ်ဘောလ်ဦးထုတ် ဆောင်းထားသဖြင့် သေချာမမြင်လိုက်ရကြောင်း သိရသည်။ ထို့ပြင် မျက်မြင်သက်သေတစ်ဦးမှလည်း ကားလိုင်စင် နံပါတ်ပြားကို မတွေ့လိုက်ကြောင်း သိရသည်။ လက်ရှိမှာတော့ အဆိုပါ ယာဉ်မောင်းအား ရဲအဖွဲ့မှ စုံစမ်းရှာဖွေလျှက်ရှိသည်။



Follow us on