1. Home
  2. Special or Others

တရုတ်တွင် Covid-19 Negative ပြနေသူထံမှ လူ ၇၀ ကျော် တိတ်တဆိတ်ကူးစက်ခံရ

Special or Others เม.ย. 24, 2563 view 1,647

တရုတ်နိုင်ငံသို့ နယူးယော့ခ်မြို့မှ ပြန်လာသူ အသက် ၂၂ နှစ်အရွယ် ကျောင်းသူလေးထံမှ လူပေါင်း ၇၀ ကျော်ကို Covid-19 တိတ်တဆိတ် ကူးစက်ခံလိုက်ရသည့်အတွက် ဟာဘင်မြို့၏ တစ်စိတ်တစ်ပိုင်းအား Lockdown ပြန်လည် ချထားလိုက်ရကြောင်း တရုတ်သတင်းစာ ဟေးလောင်ကျန်ဒေးလီ တွင် ဖော်ပြထားသည်။

ကျောင်သူအမျိုးသမီး၏ အမည်မှာ ‘ဟန်’ ဟုသာသိရှိရပြီး နယူးယော့ခ်မြို့ကနေ မတ်လ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပါတယ်။ Covid-19 စစ်ဆေးရာမှာ Negative ပြနေသော်လည်း ရောက်ရောက်ခြင်း ဘယ်သူနဲ့မှ မတွေ့ရပဲ တစ်ကိုယ်တည်း သီးသန့်နေထိုင် ကွာရန်တီးဝင်ခဲ့ရပါတယ်။ ထို့နောက် ကွာရန်တီး ၁၄ ရက် ကာလပြီးဆုံးပြီး မတ်လ ၃၁ ရက်နေ့မှာ ဒုတိယအကြိမ် စစ်ဆေးခဲ့ရာတွင်လည်း Negative အဖြေပဲ ထပ်မံထွက်ပေါ်ခဲ့ပါတယ်။

ဆေးစစ်ချက်အဖြေများ ကင်းရှင်းခြင်းကြောင့် အာဏာပိုင်များက သူမအား ဧပြီလ ၃ ရက်နေ့တွင် ပုံမှန်အတိုင်း သွားလာနေထိုင်ခွင့်ပြုခဲ့သည်။ သူမဟာ ဧပြီလ ၅ ရက်နေ့မှာ မိသားစုတွေနဲ့အတူ အပြင်ထွက်စားသောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရှန်ဟိုင်းမြို့သို့ပင် ၃ ရက်ကြာသွားရောက် လည်ပတ်ခဲ့သေးသည်။

သို့သော်လည်း သူမဟာ Covid-19 ကို တိတ်တဆိတ်ဖြန့်ဝေခဲ့သူ ဖြစ်မှန်းမသိဖြစ်နေခဲ့ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါနယ်မြေအတွင်း Covid-19 ပြန့်နှံ့မှုကို ဦးနှောက်ပိုင်းဆိုင်ရာ လေဖြတ်ရောဂါဖြင့် ဟာဘင်မြို့ အမှတ်(၂) ဆေးရုံကြီးတွင် ဧပြီလ ၂ ရက်နေ့ ကနေ ၆ ရက်နေ့အတွင်း လာရောက်ပြသ ကုသခံနေရသော အသက် ၈၇ နှစ်အရွယ် ‘ချန်’ ဟူသော အမျိုးသားကြီးတွင် စစ်ဆေးတွေ့ရှိရာမှ စတင်သိရှိခဲ့ခြင်းဖြစ်သည်။

သိရှိခဲ့ချိန်တွင် အမျိုးသားကြီးက သူ၏မိတ်ဆွေ အိမ်နီးချင်းများနဲ့ ဆေးရုံဝန်ထမ်း အချို့ကိုပါ ကူးစက်စေခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ထားသည်။ သူနဲ့ထိတွေ့ခဲ့သူများအား စစ်ဆေးရာ Covid-19 ၏ လက္ခဏာရပ်များ မပြနှင့်မီကပင် Positive ဖြစ်နေကြောင်း တွေ့ရှိရသည်။

ထို့ဖြစ်စဉ်ကြောင့် ဟာဘင်မြို့၏ တစ်စိတ်တစ်ပိုင်းကို အာဏာပိုင်များက ပြန်လည် Lockdown ချခဲ့ကြသည်။ ဘေဂျင်းဒေးလီ သတင်းအရ မြို့ခံမဟုတ်သူများအား မြို့တွင်းသို့ ဝင်ထွက်သွာလာခွင့် မပြုရန် ပိတ်ပင်ထားကြောင်း သိရသည်။

မြို့ခံများအနေနဲ့  မိမိတို့နေထိုင်ရာနေရာမှ အဝင် အထွက်ပြုလုပ်မည်ဆိုပါက Covid-19 ကင်းရှင်းကြောင်း ကျန်းမာရေးလက်မှတ်၊ နှာခေါင်းစည်းများဝတ်ဆင်ပြီး ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပြီးမှ သွားလာခွင့်ပြုကြောင်း သိရသည်။

သက်ဆိုင်ရာက ဖြစ်စဉ်အား နောက်ကြောင်းပြန်စစ်ဆေးခဲ့ရာ ‘ချန်’ နေထိုင်ရာ တိုက်ခန်းတွင် နယူးယော့ခ်မှ ပြန်လာသူ ‘ဟန်’ လည်း နေထိုင်နေကြာင်း သိရသည်။ ‘ဟန်’ အား ထပ်မံစစ်ဆေးခဲ့ရာ Covid-19 positive ဖြစ်နေကြောင်း တွေ့ရှိရသည်၊ ကနဦးက စစ်ဆေးခဲ့ရာတွင် ကာကွယ်ဆေးများ၏ တုံ့ပြန်အားကောင်းနေမှုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

လက်ရှိမှာတော့ ‘ချန်’ ဟာ ဧပြီလ ၆ ရက်နေ့က စပြီး Covid-19 ရောဂါလက္ခဏာများ ပြသနေပြီး သူနဲ့နီးစပ်ရာ ဆွေမျိုများနဲ့ ဆေးရုံမှလူနာများအပါအဝင် ၃၅ ဦးခန့် ကူးစက်ခံနေရပြီး ထိုအထဲတွင် ဆေးရုံတက်နေသော ကလေးငယ် ၄ ဦး ပါဝင်ကြောင်း သိရသည်။



Follow us on