စင်ကာပူနိုင်ငံရှိ Next ရှောပင်းမောလ်တွင် ဖွင့်ထားသော KFC ကြက်ကြော်ဆိုင်ခွဲတစ်ခုတွင် ဧပြီလ ၂၂ ရက်နေ့က စားသုံးသူအမျိုးသမီးတစ်ဦးက အရောင်းဝန်ထမ်းအား ဒေါသတကြီး အော်ဟစ်ပြောဆိုပြီးနောက် မျက်နှာကို တံတွေးနဲ့ ထွေးသွားခဲ့တဲ့အတွက် ရဲကဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေလျှက်ရှိသည်။
အဖြစ်အပျက်ရုပ်သံတွင် အမျိုးသမီးနှစ်ဦးက KFC အရောင်းကောင်တာရှေ့တွင် မတ်တပ်ရပ်ကာ အဝါရောင်ရှပ်အင်္ကျီလက်ရှည်ဝတ်ထားသော အမျိုးသမီးက အော်ဟစ်ပြောဆိုနေပြီးနောက် သူမ၏ နှာခေါင်းစည်း Mask ကို မတင်ကာ ကောင်တာနောက်တွင် ရှိနေသော KFC ဝန်ထမ်းကို တံတွေးဖြင့် နှစ်ကြိမ်သုံးကြိမ် လှမ်းထွေးခဲ့တာကို မြင်တွေ့ရပါတယ်။ အဆိုပါရုပ်သံ လူမှုကွန်ယက်အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့ပြီးနောက် ရဲက စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
စင်ကာပူသတင်းစာ The Straits Times တွင် ပါရှိသောသတင်းအရ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဆိုင်ခွဲကို ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KFC ၏ ပြောခွင့်ပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း သိရသည်။ ယခုလို ဖြစ်ရသည့်အကြောင်းရင်းကို ရှင်းလင်းစွာ မသ်ရသော်လည်း ဝန်ထမ်းအား တံတွေးဖြင့် ထွေးခဲ့သော အမျိုးသမီးအနေနဲ့ ဥပဒေအရ အရေးယူခံရဖို့ ရှိနေကြောင်း သိရသည်။
comment