ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံ ဒေသန္တရအစိုးများက သက်ဆိုင်ရာ နယ်မြေများတွင် ဝါးပိုးကြွက်ကဲ့သို့သော တိရိစ္ဆာန်များ မွေးမြူခြင်းကို လျှော့ချရန် ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါ ဝါပိုးကြွက်များမှာ တရုတ်လူမျိုးများအတွက် စားကောင်းသောက်ဖွယ် ဟင်းလျာတစ်မျိုးဖြစ်ပြီး အခုအခါမှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှင့် ဆက်စပ်နေနိုင်သဖြင့် စားသောက်ခြင်းကိုပါ တားမြစ်မှုများ ပြုလုပ်လာဖွယ်ရာရှိသည်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တောရိုင်းတိရိစ္ဆာန်များ စားသောက်ရောင်းချမှုကို တရုတ်အာဏာပိုင်များက ယာယီပိတ်ပင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ သားငါးဈေးကြီးမှ စတင်ပြန့်နှံ့ခဲ့ကြောင်း ယုံကြည်ထားကြသည်။
သုတေသီအများစုက ကိုရိုနာဗိုင်းရပ်စ်ဟာ သင်းခွေချပ်နှင့် လင်းနို့များ ရောင်းဝယ်ဖောက်ကားမှုကြောင့်ဟု ယူဆထားကြပြီး သူတို့ထဲမှ သုတေသီတစ်ဦးကတော့ ဝါးပိုးကြွက်ကြီးများနဲ့လည်း ဆက်စပ်မှုရှိနိုင်ကြောင်း ယူဆထားသည်။
ဝါးပိုးကြွက် တစ်ကောင်ဟာ အရှည် ၄၅ စင်တီမီတာနဲ့ အလေးချိန်ဟာ ၅ ကီလီုရှိသည်။ ဝါးပိုးကြွက်သား ဟင်းလျာဟာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက တရုတ်ရိုးရာဟင်းပွဲများရဲ့ အလယ်မှာ အရသာကြောင့် ပင်မအသည်းနှလုံးဖြစ်ခဲ့ပါတယ်။
ဒီဟင်းပွဲက ဘီစီ ၁၀၄၆ ကနေ ၂၅၆ ထိ ကျိုးမင်းဆက် အုပ်ချုပ်ခဲ့စဉ်က နာမည်အရဆုံးဟင်းပွဲဖြစ်ပြီး သရက်ရွက်အလုပ်လုပ်မှုကို ကောင်းစေတယ်လို့ ကျော်ဇောခဲ့ပါတယ်။ ကာလတွေ ရွေ့လျားခဲ့ပြီး နောက်ပိုင်းမှာတော့ တရုတ်ရိုးရာဟင်းလျာတွေကြားကနေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ‘နိုနောင်း’ ညီအစ်ကိုနှစ်ယောက်က ဝါးပိုးကြွက်ကြီးတွေကို ကိုယ်တိုင်မွေးမြူတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး ဟင်းလျာအဖြစ် ချက်ပြုတ်ပုံကိုပါ ဖော်ပြခဲ့ပြီးနောက် လူပေါင်း သန်းနဲ့ချီ ဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒါ့အပြင် ဝါးပိုးကြွက်ကို စားသင့်တဲ့ အချက်(၁၀၀) ဆိုတဲ့ အကြောင်းအရာက တရုတ်လူမှုကွန်ယက် ဝီဘိုပေါ်မှာ အကျော်ကြားဆုံး ဖြစ်သွားခဲ့ပါတယ်။
ဝါးပိုးကြွက် အလွန်အောင်မြင်လာပြီး ကြွက်တစ်ကောင်ရဲ့တန်ဖိုးဟာ ၉၉၂ ယွမ် (ကျပ် ၂ သိန်းဝန်းကျင်) ပေါက်ဈေးရှိလာပါတယ်။
ဒါကြောင့် ဒေသတွင်းမှာ ဆင်းရဲနွမ်းပါးသူတွေကကြောင့် ဝါးပိုးကြွက်များကို ဖမ်းဆီး သားဖောက်မွေးမြူကာ ဝမ်းရေးကို ဖြေရှင်းရင်း ကြွက်မွေးမြူရေးနေရာတွေ များပြားလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံရှိ သားငါးဈေးများကို စစ်ဆေးခဲ့ရာ နိုင်ငံအဝှမ်းမှာ ဝါးပိုးကြွက်သား ရောင်းချမှု ၂၅ သန်းခန့်ရှိကြောင်း တွေ့ရပါတယ်။
အများစုမှာ တရုတ်နိုင်ငံတောင်ပိုင်း ဂေါင်ဇီစီရင်စုက ဖြစ်ပြီး ဒေသတွင်းမှာ လူပေါင်း ၁၀၀,၀၀၀ ခန့်က ကြွက်ကောင်ရေ ၁၈ သန်း မွေးမြူထားကြကြောင်း China News Weekly သတင်းအရ သိရသည်။
ကြက်တစ်ကောင်ကို ၁၅ ယွမ် ပေါက်ဈေးရှိနေချိန်တွင် ဝါးပိုးကြွက် တစ်ကောင်၏ ဈေးနှုန်းမှာ ယွမ် ၁၂၀ ထိရှိနေသည်။ ဒေသန္တရဆိုင်ရာ ဆင်းရဲမှုပပျောက်ရေးအဖွဲ့အစည်းများက အခြားသော ကပ်ရောဂါအသစ်များ မဖြစ်ပေါ်လာစေရန် တတ်နိုင်သမျှ အနည်းအကျဉ်းသာ မွေးမြူကြရန် တိုက်တွန်းခဲ့ကြသည်။
အစိုးရက အရေအတွက်ကန့်သတ် တားမြစ်ပိတ်ပင်ချက်များကြောင့် ဝါးပိုးကြွက်မွေးမြူသူများ ဝင်ငွေထိခိုက်နစ်နာမှုများ ကြုံနေရသည့်အတွက် ဝါပိုးကြွက်များကို အစိုးရက ပြန်လည်ကင်းလွတ်ခွင့်ပေးဖို့ မျှော်လင့်နေကြကြောင်း သိရသည်။
comment